ခမ်းသားငေါဝ်း
မေ၂၁၊ ၂၀၂၅

https://www.facebook.com/share/p/18vGfzy64L/

ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာတွင် မေလ (၁၉)ရက်နေ့၌ ပျောက်ဆုံးသွားကလေးငယ်ကို ခိုးယူသည့် အမျိုးသားတစ်ဦးအား တောင်ကြီး အောင်သပြေလမ်း၌ ဖမ်းဆီးရမိကြောင့် ကလးပျောက်သူနှင့်နီးစပ်သူထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်ရှိ ထီရီးကျေးရွာတွင် နေထိုင်သည် (၇)နှစ်ရွယ် ကလေးငယ်အား မေလ (၁၉)ရက်နေ့တွင် အမျိုးသားတစ်ဦး ခိုးယူခေါ်ဆောင်သွားသွားပြီး မေလ (၂၀)ရက်နေ့ ညနေပိုင်း ၅ နာရီခန့် တွင် တောင်ကြီး အောင်သပြေလမ်း ၌ ဖမ်းဆီရမိခဲ့သည်၊၊

“ ကလေးကိုတော့တခြားမသိတဲ့ သူစိမ်းအိမ်မှာ ထားခဲ့ပြီးထွက်ပြေးတာ အဲ့ဒါအောင်သပြေဖက်မှာ သူများဖမ်းမိတယ်၊ သူကိုတော့ ထိီရီးရွာမှာ ရှိတဲ့ ရွာသူကြီးလက်ထဲအပ်လိုက်တယ် ရဲတွေရယ် အဖွဲ့စည်းတစ်ခုက ဖမ်းသွားတယ်”ဟု ဖြစ်စဉ်သိရှိသူတစ်ဦးမှပြောသည်။

ကလေးသူခိုးသည် မေလ (၁၉)ရက်နေ့ ညနေပိုင်းအချိန်တွင် ကလေးငယ် အိပ်မောကျချိန်၌ ခိုးခေါ်သွားကြောင်းသိရသည်။

ထို့အမျိုသားသည် ဟိုးပုံးမြို့တွင် စက်ဘီးဆိုင်တစ်ဆိုင်၌ စက်ဘီးခိုးယူမှု ကိုလည်း ပြုလုပ်ခဲ့သေးကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#မှုခင်း
#ညောင်ရွှေမြို့နယ်
#ထီရီးကျေးရွာ
#ပျောက်ဆုံးသွားကလေးငယ်
#ခိုးယူသည့်အမျိုးသား
#တောင်ကြီးအောင်သပြေလမ်
#ကလေးပျောက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7