ခမ်းသားငေါဝ်း
မေ ၂၁၊ ၂၀၂၃
https://www.facebook.com/share/p/1Afa3hAVFj/
ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲများဆက်လက်ပြင်းထန်ဖြစ်ပွားနေကြောင်းဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် မေလ ၁၆ ရက်နေ့မှစကာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိတိုက်ပွဲဆက်လက်ပြင်းထန်နေသည်။
“တိုက်ပွဲကပြင်းထန်ဆဲပဲ၊ လက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတယ်၊ သေနတ်သံတွေကောပဲ၊ ဒီမနက်လေယာဥ် ဝဲ နေတယ်၊ ဗုံးကြဲတာတော့မတွေ့သေးဘူး” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဆောင်းပြောင်းကျေးရွာရှိ ဒေသခံများအားလုံး မေလ ၂၀ ရက်နေ့ က ဘေးလွတ်ရာသို့အကုန် ရွှေ့ပြောင်းနိုင်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲကြောင့်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရသော လူဦးရေ ၁၅၀၀ ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့အတွက်စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်းသိရသည်။
PPV 003
ပုံ- အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ဆောင်းပြောင်းကျေးရွာ
#တိုက်ပွဲဆက်လက်ပြင်းထန်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7