ခမ်းသားငေါဝ်း၊
မေလ၂၁၊ ၂၀၂၅

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ အနီးတစ်ဝိုက်ကျေးရွာများကို စစ်ကောင်စီမှ လက်နက်ကြီး အဆိပ်ငွေ့ဗုံးများနှင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း DPLF/DPLA ကဆိုထားသည်။

မေလ (၂၀)ရက်နေ့ နေ့လည် (၁၂)နာရီမှ ညနေ (၃)နာရီ အတွင်း ကျောက်ဂူဒေသ အတွင်းရှိ လွယ်ဟောင်ရွာနှင့် ဖက်ရင်းကုန်းကျေးရွာကြားတွင် စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး (၅)လုံး ကြဲချပြီး လက်နက်ကြီးဖြင့် (၂)ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

“မနေ့က အဆိပ်ငွေ့ဗုံးတွေ ကြဲတယ် ။တစ်ချို့က အဆိပ်ငွေ့ကြောင့် မူးဝေတာ အော့အန်တာမျိုးရှိတယ်။အရင်ကလည်း အဲလိုပဲ အဆိပ်ငွေ့ဗုံးနဲ့ ကြဲတယ်။ကျနော်တို့ တပ်သားတွေဆို မူးပြီး အန်တာ။ သုံးရက်လောက် ဆေးကုမှ အဆင်ပြေတာ။ ခနခန လက်နက်ကြီးနဲ့ထုလိုက်၊လေယာဉ်နဲ့ ပစ်လိုက်နဲ့လုပ်နေတာ။” ဟု DPLAတပ်သားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကျောက်ဂူတိုက်နယ်အတွင်း မကြာခဏထိုးစစ်ဆင်ခြင်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများလုပ်ဆောင်နေသည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် နိုင်ငံတကာမှ တားမြစ်ကန့်သတ်ထားသည့် အဆိပ်ငွေ့ဗုံးများအသုံးပြ၍ စစ်ရာဇဝတ်မှု ဥပဒေချိုးဖောက်နေပြီး ထိုးစစ်ဆင်မှုများ မကြာခဏပြုလုပ်နေသော ကြောင့် ပြည်သူလူထုများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် စစ်ရေးသတင်းများ နေ့စဉ်နှင့်အမျှနားစွင့် သတိရရှိရန်လိုအပ်ကြောင်း DPLAက အသိပေးတိုက်တွန်းထားသည်။

#PPV008
#Humanright
#အဆိပ်ငွေ့
#လက်နက်ကြီး
#DPLA
#ရပ်စောက်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။