ခမ်းသားငေါဝ်း

မေ ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/1BNWUHBr3R/

အင်းလေဒေသတွင် မတ် (၂၈)ရက်၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် နေအိမ်များ ယိုင်လဲပျက်စီးခဲ့ရပြီး ယခုချိန်မိုးတွင်းကာလ အိမ်ဆောက်ရာ၌ လက်သမားအခက်အခဲနှင့် ကုန်ကျစရိတ် များသဖြင့် ဒေသခံများ အခက်အခဲ ကြုံနေရကြောင့်သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၌ ပျက်ဆီးသွားသည့် အိမ်များပြန်လည်တည်ဆောက်ရာတွင် မိုးဦးကာလအတွင်း၌ အိမ်ဆောက်ရာတွင် လက်သမား မလုံလောက်သည့် အပြင် အိမ်များဆောက်ရာ အချိန်ကြာမြင့်စွာယူရသဖြင့် စရိတ်များ ပိုကုန်ကျကြောင်း သိရသည်။

“ရေထဲမိုးထဲ လုပ်ရတော့ တခါတလေကြရင် တစ်ရက်လုပ်ရမဲ့အလုပ်က နှစ်ရက်သုံးရက်လုပ်နေရတော့ ကုန်ကြစရိတ် ပိုများတယ်ပေါ့နော်၊ ပြီးသင့်သလောက်မပြီးဘူး၊ လက်သမား ဆရာတွေလည်း ခေါ်ထားရတာကော အိမ်ပြုပြင်ပေးမဲ့အိမ်တွေမှာ သူတို့လည်း ခေါ်ရတာအခက်အခဲလည်းရှိတယ် လက်သမားဆရာ မလောက်တာပေါ့”ဟု ပြန်လည်ထူထောင်ရေးအတွက် ကူညီသူ ဒေသခံတစ်ဦးမှပြောသည်။

အိမ်ဆောက်ဖို့ရန်အတွက်အလှူရှင်များ ရှိသော်လည်း အိမ်ဆောက်ရာတွင် လက်သမားခေါ်မရသဖြင့် လက်သမား မလုံလောက်ကြောင်းသိရသည်။

“လက်သမားဆရာတွေက တချို့အိမ် ပြန်ပြုပြင် ရတာနဲ့ တချို့လုပ်နေရတာနဲ့ဆို အကုန်သွားဖို့ အဆင်မပြေဘူးပေါ့နော် အင်းထဲမှာရှိတဲ့ ရိုးရာ ဝါးအိမ်လေးတွေ ဆောက်ဖို့ ကလည်း အင်းလေးဒေသမှာ ရှိတဲ့ လက်သမားဆရာပဲ ဆောက် ပေးနိုင်တာလေ သစ်သားအိမ်လို့မဟုတ်တော့၊ လက်သမားအခက်ဖြစ်တယ်ပေါ့နော် ၊ တော်တော်များများ ၅၀ ရာခိုင်နှုန်းတော့မဆောက်နိုင်သေးဘူး” ဟု ၎င်း ကဆက်ပြောသည်။

အင်းလေဒေသပြန်လည်ထူထောင်ရေး၌ လှဲစောင်း သွားသည့်အိမ်များကိုလည်း ပြန်တည့်မှတ်ရာတွင် ဆွဲထူရာ၌ ခက်ခဲသည့်အိမ်များရှိနေသေးကြောင်း သိရသည်။

“ဆွဲထူရတာခက်တဲ့အိမ် တွေပေါ့နော် ဥပမာ သုံးလေးလေးပေလောက်ပဲ စောင်းသွားတာတွေ တချို့ကြတော့လည်း ဆောက်ထားတာ မကြာသေးဘူး ဒါပေမဲ့ ဆောက်ထားတဲ့တိုင်တွေက သစ်သားသစ်လုံး ငယ်ငယ်လေးတွေနဲ့ ဆောက်ထားတော့ တချို့အိမ်တွေကြရွဲ့စောင်းသွားတဲ့နေရာမှာ တိုင်အလုံး နှစ်ဆယ်ရှိရင် ဆယ်လုံးလောက်က ကျိုးပျက်သွားတဲ့ ဆိုရင် ဆွဲထူးရတာ တအားခက်တယ် ဆွဲလိုက်ရင် ပြန်ပြိုကြသွားနိုင်တဲ့ အဲ့လို့အိမ်လေတွေ ကျန်နေတယ်”ဟု အိမ်ပြန်တည့်မတ်ရာတွင် ကူညီသူထံမှသိရသည်။

ယခုကာလတွင် မိုးရာသီရောက်ပြီးဖြစ်၍ မိုးမလုံတဲ့ဒဏ်များ၊ သောက်သုံးရေ ရှားပါးတဲ့ဒဏ်များ၊ ကျန်းမာရေးထိခိုက်မှုများနကြုံတွေ့မှာကို စိုးရိမ်နေကြပြီး မိုးများနှင့် သဲနုန်းများ အင်းလေးကန်ထဲ ရောက်ရှိလာပြီး သဲနုန်းမြေများထူလာပြီး အရင်နှစ်ထက် ရေကြီးမည်ကိုလည်း စိုးရိမ်ရကြောင့်သိရသည်။

PPV0013
ပုံ- အွန်လိုင်း

#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#ပျက်ဆီးသွားသည့်အိမ်များ
#ပြန်လည်တည်ဆောက်
#မိုးဦးကာလ
#လက်သမားမလုံလောက်
#စရိတ်များပိုကုန်ကျ
#အင်းလေးဒေသပြန်လည်ထူထောင်ရေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7