ခမ်းသားငေါဝ်း
မေ ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/19snuVxezt/

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် သုံးလုံးပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံပြည်သူ့လုံခြုံရေးတပ်ဖွဲ့ PK Police ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အရှေ့ဖက်ကမ်း ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မေလ ၁၉ ရက်နေ့ ည ၁၁ ဝန်းကျင်အချိန်ခန့်တွင်စစ်ကောင်စီတပ် ဖယ်ခုံ အခြေစိုက် ခမရ ၃၃၆ တပ်မှ လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်ခဲ့သည်။

” ဒါကတော့ငါးထွန်းတဲ့လူတွေ ဓာတ်မီးတစ်ဝင်းဝင်းနဲ့ဆိုတော့ ပစ်လာတာမျိုးထင်တယ်၊ လူထိခိုက်မှုမရှိပေမယ့် ပေါက်ကွဲသံကြောင့် အမျိုးသမီးကြီးတစ်ဦးနှလုံးထဖောက်ပြီး အချိန်မှီဆေးကုနိုင်ခဲ့တယ်”ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြည်သူလူထုကို ဦးတည်ပြီးတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အန္တရာယ်ကို သတိထားဖို့လိုကြောင်း PK Police ကဆိုသည်။

” စစ်ကောင်စီက လူ့အခွင့်အရေးအမျိုးမျိုးချိုးဖောက်ပြီး ပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတာ၊ တစ်လောတုန်းကဆိုလည်း၊ ဖယ်ခုံ ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲတာမျိုးပေါ့၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ ပြောမဆုံးနိုင်ပါဘူး၊ ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ကပဲ သတိကြီးကြီးထားပြီး ရှောင်ကျဥ်ရမှာပဲ၊ လိုအပ်ရင် ကတုတ်ကျင်းတွေ ၊ ဗုံးခိုကျင်းတွေ တူးထားဖို့လိုပါတယ်” ဟု PK Police တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် လူထုအပေါ်အန္တရာယ်ပေးနိုင်သည်ကို အားလုံးသိထားပြီဖြစ်သောကြောင့်၊ လူထုအနေဖြင့် ပိုသတိထားသင့်ကြောင်း၊ ယခုတော်လှန်ရေးကလည်း အောင်ကိုအောင်မှရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် သတိကြီးကြီးထားပြီး ဆက်လက်အားတင်းထားဖို့လိုကြောင်း ၎င်း ကဆက်ပြောသည်။

စစ်ကောင်စီက ပြည်သူလူထုများကိုဦးတည်းပြီး တိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသောကြောင့် အထူသဖြင့်ညပိုင်း ရေလုပ်သား၊ လယ်လုပ်သား၊ ငှက်ပစ်၊ ဖားရှား/ငါးရှာသူများ အနေဖြင့် သက်ဆိုင်ရာ ကျေးရွာအသီးသီးမှ စာဖြန့်သတိပေးမှုများကို လေးစားလိုက်နာကြရန် PK Police က တိုက်တွန်းထားသည်။

PPV 003
ပုံ- PK Police
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့အရှေ့ဖက်ကမ်း
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ
#လက်နက်ကြီးပစ်ခတ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7