ခမ်းသားငေါဝ်း
မေ ၂၀၊ ၂၀၂၅
https://www.facebook.com/share/p/1AigiEwm1Q/
ဆောင်းပြောင်းရွာတွင် တိုက်ပွဲကြောင့် ဒေသခံများစစ်ဘေးထပ်မံတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအတွက်အရေးပေါ်လိုအပ်နေသည်ဟု မေလ(၂၀)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် မေလ(၁၆)ရက်နေ့မှစကာ စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာပြန်လည်ဖြစ်ပွားနေပြီး ဒေသခံများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
“အခုကဆန်နဲ့ဆီတွေရော ချက်ပြုတ်ဖို့အိုးခွက်တွေလည်းမပါလာကြဘူး အိမ်ခြေ(၇၀၀)နီးပါးမှာ (၁၀၀)ကျော်လောက်ပဲ ပါလာတာ ရုတ်တရက်ဆိုတော့လေဘာမှမယူလာလိုက်ရဘူး လူဦးရေတော့ (၁၅၀၀)ကျော်လောက်ရှိမယ် အကူအညီလိုအပ်တာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
တိုက်ပွဲကြောင့်ဒေသခံများသည် ဘေးလွတ်ရာနေရာများဖြစ်သည့် ပင်ခွန်ရွာ၊ ဝါးလီးရွာ၊ ပင်လောင်းမြို့ပေါ် စသည့်နေရာများသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။
“ရွာထဲကျန်တဲ့လူတွေကတော့ ဒီမနက်အကုန်ထွက်ကြပြီ လေဖြတ်နေတဲ့သူကိုတော့ မနက်(၄)နာရီကတည်းက တွန်းလှည်းနဲ့ခေါ်ထုတ်ပေးတယ်၊ ရွာထဲမှာတိုက်ပွဲကဖြစ်နေသေးတယ် မနေ့ကလေယာဥ်နဲ့ (၃)ကြိမ်လာကြဲသေးတယ် ညဘက်ပိုင်းက(၂)ကြိမ်လာကြဲတယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင်တိုက်ပွဲကြောင့် ဆောင်းပြောင်းရွာရှိ ဒေသခံနေအိမ်(၅)လုံးသည်လည်း မေလ(၁၈)ရက်နေ့၌ မီးရှို့ဖျက်စီးခံရသေးကြောင်း သိရသည်။
ယခုချိန်ထိဆောင်းပြောင်းရွာထဲတွင် စစ်ကောင်စီ၊ လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
#PPV007
#Photo: onlin
#ပင်လောင်းမြို့နယ်
#ဆောင်းပြောင်းကျေးရွာ
#စစ်ကောင်စီ
#လက်အောက်ခံပြည်သူ့စစ်
#တော်လှန်ရေးတပ်ဖွဲ့များ
#တိုက်ပွဲပြင်းထန်စွာပြန်လည်ဖြစ်ပွားနေ
#ဒေသခံများကဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရ
#စားဝတ်နေရေးအရေးပေါ်လိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7