ခမ်းသားငေါဝ်း

မေ ၁၉၊ ၂၀၂၅

https://www.facebook.com/share/p/1G3g4qpyzU/

စစ်ကောင်စီက တအာင်းဒေသ နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် စစ်ရှောင်စခန်းတွင်ခိုလှုံနေသည့် စစ်ရှောင်(၁)ဦးကို စနိုက်ဘာဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား(၁)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင့် တအာင်းတပ်မတော် (TNLA) မေလ (၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မေလ (၁၈) ရက် နံနက်(၈း၀၀)နာရီအချိန်၌ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ စစ်ရှောင်စခန်းတွင် နေထိုင်သည့် အသက်(၂၇)နှစ်အရွယ် ဦးအိုက်လှိုင်ကို စစ်ကောင်စီတပ်မှ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

တအာင်းတပ်မတော်PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အရပ်သားများကို ပစ်မှတ်ထားပြီးလေကြောင်းနှင့် ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းဆိုသည်။

ပြီးခဲ့သည့် မေလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင်လည်း နောင်ချိုမြို့နယ်၊ တောင်ကျကျေးရွာကို စစ်ကောင်စီက ဒရုန်း ဗုံး (၅)လုံး ကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ် ၏ သတင်းနှင့်ပြန်ကြားရေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PPV0013
ပုံ-အွန်လိုင်း
#တအာင်းဒေသ
#နောင်ချိုမြို့နယ်
#အုမ္မတီးရွာ
#စစ်ရှောင်စခန်းတွင်ခိုလှုံ
#စနိုက်ဘာဖြင့်ပစ်ခတ်မှု
#တအာင်းတပ်မတော်
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7