ခမ်းသားငေါဝ်း
မေ ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/1ENsSZvSYP/
ရပ်စောက်မြို့နယ် နောင်တဗင်ရွာသား PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး ညောင်ရွှေမြို့နယ် စင်းစွဲး(ဒုံစင်းလိတ်)ရွာအနီးတွင် ကျဆုံးသွားခဲ့ပြီး ကျန်ရစ်သည့် ဇနီးဖြစ်သူနှင့် ကလေးအခက်အခဲရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေအနီး နောင်တဗင်ရွာသား PNO. ပြည်သူ့စစ် တပ်ဖွဲ့ဝင် ခွန်မောင်ကုဲင် အသက် ၃၄ နှစ်သည် ကဆုန်လဆုတ် ၁ ရက်နေ့မေလ ၁၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။
“ကလေးတစ်ယောက်နဲ့ မိန်းမကျန်ခဲ့တယ် မိဘတွေလည်းအဆင်မပြေကြတော့ ဆွမ်းသွပ်ဖို့အတွက် ရွာသားတွေနဲ့ PNO ဘက်ကနေကုန်ကျခံပေးရတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
သေဆုံးသွားသည့် PNO တပ်ဖွဲ့ဝင် ခွန်မောင်ကုဲင်သည် တော်လှန်တပ်ဖွဲ့၏ မိုင်းထောင်ထားခြင်းအားနင်းမိပြီး နှစ်ရက်သုံးရက်ကြာမှတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
PNO တပ်ဖွဲ့ဝင်ဟောင်း လူငယ်တစ်ဦးမှ “ကိုယ်နဲ့သိကျွမ်းဖူးသူတွေ နယ်စပ်မှာ အသက်ပေးရတာတွေကြားတော့ စိတ်မကောင်းဘူး မြို့ကြီးတွေထဲ တော်လှန်ရေးအဖွဲ့တွေမလာနိုင်အောင် သွားသေပေးပေမယ့် အိမ်ပြန်လာတဲ့ချိန် ယူနီဖောင်းတောင်ဝတ်ခွင့်မရှိဘူး သူတို့စစ်ဆေးတာခိုင်းတာလုပ်ရမယ်လို့ကြားတော့ မတန်ဘူးလို့ခံစားရတယ် ကိုယ့်လူမျိုးအတွက်ကိုယ် အသက်ပေးဖို့မနှမြောဘူး စားဝတ်နေရေးအခြေနေကြောင့် ဒီဘက်ထွက်လာရတာမှန်သွားတယ်ပြောရမလားပဲ” ဟုပြောသည်။
သေဆုံးသွားသူ ခွန်မောင်ကုဲင်အား ကဆုန်လဆုတ် ၆ ရက်နေ့ ၊ မေလ ၁၇ ရက်နေ့တွင် ဆွပ်းသွပ်တရားနာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ဆောင်းပြောင်းဒေသတွင် တိုက်ပွဲများပြင်ထန်နေပြီး နှစ်ဘက်ထိခိုက်မှုရှိနေကြောင်း သိရသည်။
PPV001
ပုံ-CJ
#လူ့အခွင့်အရေး
#မှုခင်း
#ရပ်စောက်မြို့နယ်
#ဆက်သေအနီး
#နောင်တဗင်ရွာသား
#ခွန်မောင်ကုဲင်
#တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့်မိုင်းနင်းမိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7