ခမ်းသားငေါဝ်း
မေလ ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/1EJT5dSKR6/
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ-တာချီလိတ် ကားလမ်းမကြီးပေါ် မိုးရွာသွန်းပြီး လမ်းချော်၍ TOYOTA HILUX ကားနှင့် မြမန္တလာထွန်း ခရီးသည်တင်ကား ချိတ်မိပြီး ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျိုင်းတုံ-တာချီလိတ်သွားလမ်း တာကျောက်မရောက်ခင် လမ်းမပေါ်တွင် မေလ(၁၆)ရက် နေ့လည် (၂)နာရီကျော်အချိန်က အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး (၂)ဦးဒဏ်ရာရခဲ့ကြောင်း နှလုံးလှပိုင်ရှင် လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဒဏ်ရာရတဲ့သူ(၂)ယောက်ရှိတယ်။ အသေးစားဒဏ်ရာ မစိုးရိမ်ရဘူး”ဟု နှလုံးလှပိုင်ရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ခမ်းသားငေါဝ်းကို ဖြေကြားသည်။
ကျိုင်းတုံတာချီလိတ်ကြား ကားလမ်းသည် အကွေ့အကောက် အတက်အဆင်းများသောကြောင့် သတိထား မောင်းနှင်ကြရန် ကားဆရာတစ်ဦးက ပြောသည်။
“မနေ့က လမ်းမှာ ကားမတော်တဆဖြစ်တာ တွေ့ခဲ့တာ(၂)စီးတောင်ရှိတယ်။ တာကျောက်မှာတစ်စီးနဲ့ မိုင်းဖြတ်အကျော်နား။ ကားဆရာတို့ သတိနဲ့ ဖြည်းဖြည်းမောင်းကြစေလိုတယ်”ဟု ၎င်းက ပြောသည်။
မိုးတွင်းကာလ ဖြစ်သောကြောင့် လမ်းချော်လျှင် အရှိန်မထိန်းနိုင်ကြဘဲ မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားတတ်သောကြောင့် သတိထားမောင်းနှင်ကြရန် ထိုကားဆရာမှ သတိပေးထားသည်။
#PPV011
#ယာဥ်တိုက်မှု
#ကျိုင်းတုံ
#ဒဏ်ရာရ။
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။