ခမ်းသားငေါဝ်း
မေလ ၁၇၊ ၂၀၂၅

https://www.facebook.com/share/p/15SxSFZYYF/

ဆောင်းပြောင်းကျေးရွာတွင်တိုက်ပွဲပြန်လည် ဖြစ်ပွားပြီး ဒေသခံများထပ်မံ စစ်ဘေးတိမ်းရှောင်နေရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာရှိဦးဇင်းမောင်ကျောင်းတိုက်၊ ဘုရားတောင်နားရှိတောင်ဘက် နမ်းနိန်းရွာဝင်လမ်းတစ်ဝိုက်တွင် ယနေ့ မနက် (၆:၀၀)အချိန်စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားကြောင်း သိရသည်။

“ခုလောလောဆယ်တော့သေနတ်ကြီးသံနဲ့သေနတ်ငယ်သံကောကြားနေရတယ် သူတို့ရွာသားတွေမနက်ကတည်းကပြေးကုန်ကြပြီ ဆောင်းပြောင်းဆေးရုံမှာရှိတဲ့လူနာအားလုံးကိုလည်းပြောင်းရွှေ့ခိုင်းကုန်ပြီ ခုလောလော ဆယ်တော့အထိခိုက်ရှိမရှိမသိရသေးဘူး” ဟုဖြစ်စဥ်သိရှိသူတစ်ဦးကခမ်းသားငေါဝ်း ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် လိန်းညာကျေးရွာအုပ်စုရှိ PNO ပြည်သူ့စစ်မှ သင်တန်းပေးထားသူများကို ဆောင်းပြောင်း လဲင်းဗွာလရွာတွင် ကင်းသွားစောင့်ပေးနေရကြောင်းသိရသည်။

တိုက်ပွဲကြောင့်ဒေသခံများသွားလာခြင်းအခက်ခဲရှိ သလို ပိတ်မိပြည်သူများလည်းရှိသေးကြောင်းသိရသည်။

ဆောင်းပြောင်းရွာနှင့်နီးသည့်ဒေသခံတစ်ဦးက “ကျွန်တော်အိမ်ဆိုဆန်ကကုန်တော့မယ် ဆောင်းပြောင်းကိုဆင်းပြီးဆန်ရဖို့ စပါးကိုကြိတ်မလို့ပါဆို ခုလိုတိုက်ပွဲဖြစ်တော့ ထမင်းငတ်ရမှာစိုးတယ် ဘယ်လိုလုပ်ရမလဲမသိတော့ဘူး အခက်တွေ့နေပြီ”ဟုခမ်းသားငေါဝ်း ကိုပြောသည်။

စစ်ကောင်စီဘက်က လမ်းမကြီးဘေးရှိသစ်တော်ခြံအနီးမှ ဆောင်းပြောင်းကျေးရွာဘက်ကို လက် နက်ကြီးပစ်ခတ်ခြင်းနှင့် (၉:၄၅)အချိန်တွင်တိုက်လေတစ်စီးလာဝဲနေကြောင်းဒေသခံများထံသိရသည်။

ဆောင်းပြောင်းဒေသတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိတော့ဘဲ တည်ငြိမ်နေပြီဖြစ်သောကြောင့် ဒေသခံများနေရပ်ပြန်နေကြပြီး ယခုတဖန်တိုက်ပွဲပြန်ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။

#PPV-009
#တိုက်ပွဲ
#ဆောင်းပြောင်း
#ပင်လောင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။