ခမ်းသားငေါဝ်း
မေလ ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/1HBKguzqQ5/

ညောင်ရွေမြို့နယ်၊ စံကားအင်းတောင်ဖက်ခြမ်းရှိ ဘုရားတောင်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံးထိမှန်ပျက်စီးသွားခဲ့ကြောင့် အင်းလေးဒေသလူ့အခွင့်အရေးမှထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွေမြို့နယ်၊ စံကားအင်းတောင်ဖက်ခြမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ၊ လက်အောက်ခံ PNO တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး မေလ ၁၅ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီ နှင့် PNO တို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သည်။

” အရပ်သားပြည်သူတွေရဲ့ အသက်နှင့်လုံခြုံရေးကို သူတို့က‌ ကာကွယ်ရမယ့်အစား အရပ်သားတွေကို ပစ်မှတ်ထားဖိနှိပ်တာ လေကြောင်းတိုက် ခိုက်တာ ၊လက်နက်ကြီးပစ်ခတ်တာတွေ စတဲ့စစ်ရာဇဝတ်မှု၊ လူသားမဆန်မှုတွေ ချိုးဖောက်လုပ်ဆောင်နေတယ်လို့မြင်မိပါတယ်” ဟု အင်းလေးဒေသ လူ့အခွင့်အ ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သည့်မေလ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီ နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က စံကားအင်း တောင်ဖက်တစ်ကြောကို စစ်ကြောင်းထိုး ၀င်ရောက်လာသောကြောင့် တော်လှန်ရေးအင်အားစုများ နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး ယနေ့ထိတိုက်ပွဲများပြင်းထန်နေကြောင်းသိရသည်။

ထို့အတူ မေလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီ နှင့် PNO တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ပို့ကွဲကျေးရွာရှိ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။

#PPV 003
#Humanright
#ဘုရားတောင်
#လက်နက်ကြီး
#ညောင်ရွှေ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။