ခမ်းသားငေါဝ်း
မေလ ၁၅ ၊ ၂၀၂၅
https://www.facebook.com/share/p/1RT26TFDPS/
PNO ပြည်သူ့စစ်များအနေဖြင့် စစ်စည်းကမ်းများလိုက်နာရန်စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်မှ PNO ပြည်သူ့စစ်ကို ညွန်ကြားစာအမိန့် ပေးပို့လိုက်ကြောင်းသိရသည်။
လက်နက်တပ်ဆင် ပေးထားသည့် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက လက်နက်ပါ စစ်ဝတ်စုံဖြင့် လမ်းပေါ်ကားတားပြီး ငွေကောက်ခံခြင်း၊ ရဲများကိုပစ်ခတ်ခြင်းတို့ကြောင့် ရပခ မှ စစ်ကမ်းလိုက်နာရန်ညွန်ကြားအမိန့်ထုတ်ခြင်းဖြစ်ကြောင်းသိရသည်။
“ ရဲကိုပစ်ခတ်တဲ့သူက ဥပဒေအရနိုင်ငံတော်က ဖမ်းသွားပြီ ကျွန်တော်တို့ လည်းဥပဒေကိုကျော်လွန်ပြီး ဘာမှမလုပ်ဘူး ဥပဒေအတိုင်းသွားတယ်၊ ကျွန်တော် ကြားတာက ကျွန်တော်တို့လူကြီးတွေ ညွန်ကြားလိုက်ပြီဆိုတာသိတယ်၊ ပေးမလုပ်ဘူးပေါ့”ဟု PNO ပြည်သူ့စစ်တွဲဖက်ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီးခွန်လှမောင်က ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ဝတ်စုံနှင့်လက်နက်အားကိုးပြီး ကားများကိုတားခြင်း၊ ပြည်သူများအားရိုက်နက်ခြင်း၊ ငွေတောင်းခံခြင်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးရမိခြင်းကြောင့် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်စာအမှတ် ၁/၂၃၅/၁၇ ဖြင့်မေလ ၈ ရက်နေ့က အမိန့်စာဆင့်ထုတ်ခြင်းဖြစ်ကြောင်းသိရသည်။
(ရပခ) ညွန်ကြားစာထဲက ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်တွင် ဟဲဟိုးဓာတ်ဆီဆိုင်ရှေ့ PNO ပြည်သူ့စစ် ၂ ဦးက ကားသုံးစီးကိုတားပြီး လူကိုရိုက်နက်ကာ ငွေများတောင်းခံခဲ့ခြင်း ၊ မေလ ၂ ရက်နေ့က PNO ပြည်သူ့စစ်တစ်ဦးမှ တောင်ကြီးမြို့မဈေးအရှေ့ဘက်၌ ရဲတစ်ဦးအားပစ်ခတ်ခဲ့ခြင်းများ ဖြစ်ပွားခဲ့ကြောင်း PNO ပြည်သူ့စစ်ကပအိုဝ်းဘာသာဖြင့် တပ်ရင်းတပ်ဖွဲ့အဆင့်ဆင့်ကိုထပ်မံ ထုတ်ဆင့်သည့်ညွန်ကြားစာတွင် ဆိုထားသည်။
ညွန်ကြားချက်တွင် PNO ပြည်သူ့စစ်များ အနေဖြင့် တာဝန်ချိန်အတွင်းမဟုတ်ပါက စစ်ဝတ်စုံဝတ်ဆင်ခြင်းမပြုလုပ်ရ၊ လက်နက်ကိုင်ဆောင်ပြီး သွားလာခြင်းမပြုလုပ်ရ၊ စစ်ဝတ်စုံဝတ်ဆင်ပြီး လမ်းမကြီးပေါ်သွားလာခြင်းမပြုလုပ်ရ၊ စစ်ဝတ်စုံဝတ်ဆင်ပြီး မြို့တွင်းသွားလာခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း မပြုလုပ်ရ၊ စစ်တပ်၊ ရဲများမှစစ်ဆေးခြင်းကိုကြည်ဖြူစွာ နာခံရမည်၊ ရပ်ရွာဒေသအတွင်း မလိုအပ်ဘဲဂိတ်မထားရ ငွေတောင်းခံခြင်းမပြုလုပ်ရ စသည့်အကြောင်းများ ပါဝင်သည်။
ထို့အပြင် PNO ပြည်သူ့စစ်များအနေဖြင့် ရပ်ရွာလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရာတွင် ရပခ စစ်ဌာန ချုပ်၏ မိန့်ကြားချက်အတိုင်း လိုက်နာဆောက်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင်လည်းသေနတ်တပ်ဆင်ပေးထားသည့် ရွာစောင့်များက ရွာလူကြီးများကို သေနတ်ပတ်ဖောက် ခြိမ်း ခြောက်ခြင်းများ၊ ရွာသားများကိုပြန်ခြိမ်းခြောက်ခြင်းများပြုလုပ်နေကြောင်းသိရသည်။
PPV001
#စစ်ရေး
#PNO
#ပြည်သူ့စစ်များ
#စစ်ဝတ်စုံဝတ်ကာ
#လက်နက်ဖြင့်ကားများကိုတားခြင်း
#ပြည်သူများအားရိုက်နက်ခြင်း
#ငွေတောင်းခံခြင်း
#သက်ဆိုင်ရာတာဝန်ရှိသူများ
#ရပခတပ်
#အမိန့်စည်းကမ်းထုတ်ထား
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။