ခမ်းသားငေါဝ်း
မေ ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/1CDZNABYV6/
ရှမ်းတောင်တွင် တောင်သူများဝယ်ယူသည့် (၆၂၅)ပြောင်းမျိုးစေ့သည် အပင်မပေါက်သဖြင့် အခက်အခဲများဖြစ်နေကြကြောင်း မေလ(၁၅)ရက်နေ့တွင် တောင်သူများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် အခြားသောမြို့နယ်များတွင် ယခုနှစ်အတွက်စိုက်ပျိုးရန် တောင်သူများဝယ်ယူသည့် (၆၂၅)ပြောင်းမျိုးစေ့သည် အပင်မပေါက်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ဆီဆိုင်ဘက် စိုက်ပြီးသားလူတွေမပေါက်ဘူးကြားလို့ စမ်းပျိုးကြည့်တာ တော်တော်များများအပင် ပေါက်နှုန်းနည်းလို့ မစိုက်ရဲကြဘူး တစ်ချို့လူတွေကိုတော့ ထက်ဝက်နှုန်းပြန်ပို့ခိုင်းပြီး ပိုက်ဆံပြန်အမ်းပေးမယ်ပြောတယ် အပြည့်အဝတာဝန်မယူပေးဘူးပေါ့” ဟု ဒေသခံတောင်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
အရောင်းဆိုင်သေးတွင်ဝယ်မိသည့် တောင်သူများက ပြန်လဲသော်လည်း ပြောင်းမျိုးစေ့သည် ၎င်းတို့နှင့်မဆိုင်ပဲ ကုမ္ပဏီနှင့်သာသက်ဆိုင်ကြောင်း ပြောဆိုပြီးပြန်မလဲပေးကြောင်း သိရသည်။
“မျိုးစစ်လည်းမပေါက်ဘူး အတုတွေလည်းဈေးကွက်ထဲမှာပြန့်နေတယ် လက်ရှိအစိုးရဌာနတွေကလည်း တာဝန်ယူမှုရှိစေချင်တယ် သူတို့တာဝန်ယူမှုအရမ်းအားနည်းလို့၊ တောင်သူတွေလည်း အခွန်ထမ်းပြည်သူတွေပဲ အရေးထားပေးရမယ်လေ၊ အပင်မပေါက်ရင် မျိုးစေ့ပဲရှုံးသွားတာမဟုတ်ဘူး လုပ်အားခ မြေဩဇာအရင်းအနှီးရှုံးကုန်တယ် ပြန်စိုက်ဖို့အချိန်နှောင်းသွားရင် ပိုဆိုးတာပေါ့”ဟု ၎င်းကဆက်ပြောသည်။
ညောင်ရွှေမြို့နယ်ရှိ စံကားဒေသခံတစ်ဦးက “၆၂၅ ပြောင်းမျိုးစေ့က မပေါက်ဘူးကြားလို့ စမ်းပျိုးကြည့်တာ တကယ်မပေါက်တော့ တော်တော်များများပြန်သွားလဲကြတယ် ဝယ်တာကလည်း မှော်ဘီမှာရှိတဲ့ ဂျပန်ကုမ္ပဏီမှာပဲဆိုတော့ သွားလဲတာသူတို့ကလက်ခံတယ် ဒါပေမဲ့ခုထိပြောင်းမျိုးစေ့က ပြန်မရသေးဘူး” ဟုခမ်းသားငေါဝ်းကိုပြောသည်။
ပြောင်းမျိုးစေ့သွားလဲရာတွင် ကုမ္ပဏီဘက်က တောင်သူဝယ်ယူပြီးသားအထုပ်များကို ပြန်လည်သိမ်းယူသွားပြီး အသစ်ထုတ်သည့် (၆၂၅)မျိုးစေ့နှင့်ပြန်ပေးမည်ဟုပြောဆိုထားကြောင်း သိရသည်။
ယခုလိုအပင်မပေါက်သည့်ပြောင်းမျိုးစေ့များဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး အရောင်းကိုယ်စားလှယ်၊ ကုန်သယ်ပွယ်စား၊ ကုမ္ပဏီတို့ဘက်မှ တာဝန်ယူမှု တာဝန်ခံမှုရှိစေချင်ကြောင်း တောင်သူများက တောင်းဆိုထားသည်။
#PPV007
#ပုံ အွန်လိုင်း
#လူ့အခွင့်အရေး
#ဆိုင်မြို့နယ်
#ညောင်ရွှေမြို့နယ်
#တောင်သူများဝယ်ယူသည့်
#၆၂၅ပြောင်းမျိုးစေ့
#အပင်မပေါက်ခြင်းများဖြစ်ပေါ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7