ခမ်းသားငေါဝ်း
မေလ ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/1GuT1V8hSm/
တောင်ကြီးမြို့ တွင်ယာဉ်မောင်းသမား အပေါ့ဆင်းသွားချိန် ဟမ်းဘရိတ် မဆွဲမိ၍ ရပ်ထားသည့် ၂၄ ဘီး ကုန်ကားတစ်စီး နောက်ပြန်လိမ့်ကာ ဂက်စ် ဆိုင်ကိုဝင်တိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တွင် မေလ ၁၄ ရက် ၊ ညပိုင်း (၈) နာရီ အချိန်က အနောက်မြိုပတ်လမ်း နိဗ္ဗာန်လမ်းဆုံ အနီး ရပ်ထားသည့် ကုန်ကားတစ်စီး နောက်ပြန်လိမ့်ကာ ဂက်စ်အိုးဆိုင်ထဲ ဝင်သွားကြောင်း သိရသည်။
“ဘာမှ မဖြစ်တာပဲ ကံကောင်းပါတယ်။ ကားက အစအဆုံး ဘာမှ မထိခိုက်ပေမယ့် ဆိုင်ကတော့ တော်တော် လေး ပျက်စီးသွားတယ်။ ဟမ်းဘရိတ် မဆွဲဘဲ အပေါ့သွားတာ ၊ ကားကို ကြည့်လိုက်တော့ ဆိုင်ထဲ ဝင်သွားပြီ။ ဆိုင်ထဲကနေ ကားကိုပြန်ဆွဲထုတ်တော့ ဓါတ်တိုင်တွေ လဲကုန်ရော မီးကြိုးတွေ၊ ဖုန်းကြိုးတွေ ပျက်ကုန်တယ်။ အခု တောင်ကြီးမှာ အဲ့ရပ်ကွက် မီးပျက်နေတယ်။ ”ဟု လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူက ဆိုသည်။
ဆိုင်ထဲမှ ကားကို ဆွဲထုတ်ချိန် ဓါတ်တိုင် ၄ တိုင် ၊ ဖုန်းကြိုး၊ အင်တာနက် ဝိုင်ဖိုင်ကြိုးများလည်း ပြတ်တောက်သွား၍ အနောက်မြို့ပတ်လမ်း တစ်ကြော ၊ ကံသာ ရပ်ကွက် အနီးတဝိုက်တွင်လျှပ်စစ်မီး ပြတ်တောက်မှု ရှိနေကြောင်း သိရသည်။
ရပ်ကွက်နေ ပြည်သူတစ်ဦးက“ကံကောင်းတာက ကြီးကြီးမားမား ဘာတစ်ခုမှ မဖြစ်သွားတာပဲ ကျေးဇူးတင်ရမယ်။ အဲ့ အနောက်မြို့ပတ်လမ်း နေရာမှာ နိဗ္ဗာန်လမ်းဆုံမှာ တစ်ဆိုင် ၊ ဒီဘက် ကံသာ ဓမ္မာရုံ မီးပွိုင့် နေရာမှာ ဂဏ်စ်အိုး ဆိုင် နောက်ထပ် တစ်ဆိုင် ရှိသေးတယ်။ ကားက ဆိုင်ထဲ ဝင်သွားချိန် ဂဏ်စ်တွေ ပွင့်ထွက်ပြီး အရည်တွေ အငွေ့ တွေ စိမ့်ထွက် ပျံ့နှံ့ကုန်မှာပဲ အရမ်းစိုးရိမ်ရတယ်။ ”ဟု ပြောသည်။
တောင်ကြီးမြို့ ၊ အနောက်မြို့ပတ်လမ်းတွင် အချိန်ပိုင်း အလိုက် ကုန်တင်ကားကြီးများ၊ တွဲကားများ၊ လောင်စာဆီ ကားကြီးများ၊ တို့ကို ဖြတ်သန်းမောင်းနှင်ခွင့် ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ရှောင်လမ်းတွင် မိုးရွာသွန်းချိန် လမ်းပျက်စီးမှု များနေသဖြင့် တစ်လခန့် ခေတ္တပိတ်ထား၍ တောင်ကြီးမြို့ပေါ်ကို အချိန်ပိုင်း မောင်းနှင်စေခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ မနက်ပိုင်း၊ ညနေပိုင်း လူအရမ်း ရှုပ်သည့် အချိန်တွင် တွဲကားကြီး အဆက်မပြတ် မောင်းနှင်နေသဖြင့် ယာဉ်အန္တရာယ် ရှိကြောင်း ၊ တွဲကားကြီးများ ကို သတ်မှတ်အချိန်အတိုင်း မောင်းနှင်စေသင့်ကြောင်း ဝေဖန်နေကြသည်။
#PPV-006
#တွဲကား
#ယာဥ်တိုက်မှု
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။