ခမ်းသားငေါဝ်း
မေ ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/1FWRSD1KvL/
“ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ လက်နက် ခိုးယူရောင်းချခဲ့သူ နှစ်ဦးမှ(၁)ဦးကို UWSA က သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ(၁၄)ရက် မနက်ပိုင်းမှာ ပန်ဆန်းမြို့ရှိ စာသင်ကျောင်းမှ ကျောင်းသူ ၊ကျောင်းသား ဆရာ ၊ ဆရာမများနှင့် ဒေသခံ ပြည်သူများရှေ့တွင်သေဒဏ် ချမှတ်ကာ ကျန်(၁)ဦးကို နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူထံမှ သိရသည်။
“သေဒဏ်ချမှတ်ခံရတဲ့တစ်ယောက်က ဝ တပ်ဖွဲ့ရဲ့ ထောက်ပို့တပ်သားလို့သိရတယ်။ ကြားတာကတော့ သူတို့ခိုးရောင်းတဲ့ လက်နက်ခဲယမ်းတေက TNLAနဲ့ တခြား လက်လက်ကိုင်တပ်ဖွဲ့ထံ ရောင်းတယ်လို့ပြောတယ်”ဟု ဖြစ်စဉ်သိရှိသူ(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
သေဒဏ်ချမှတ်ခံရသူသည် UWSA ဒေသမှ ကျည်ဘောက် (၄၀)ကို ခိုးယူခဲ့ပြီး ကျည်ဆံ(၃)သောင်းကျော်ကို TNLA ထံ တရုတ်ယွမ်ငွေ (၄)သိန်းကျော်ဖြင့် ရောင်းချခဲ့ကြောင်းကို သိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသေဒဏ် စီရင်သည့် အခမ်းအနားကို မေလ(၁၄)ရက် နံနက်(၈)နာရီမှာ ပြုလုပ်ကာ ပန်ဆန်းမြို့ရှိ ကျောင်းသူကျောင်းသား ဒေသခံများကို လာရောက်ကြည့်ရှုစေခဲ့ကြောင်း UWSA “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် စစ်ဦးစီးဌာနရုံးက ထုတ်ပြန်ထားသည်။
သေဒဏ်ချမှတ်ခံရသူ(၁)ဦးနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတို့ကို ဒေသခံများကြား လက်နက်ခဲယမ်းများ TNLAထံ ရောင်းချခဲ့ကြောင်း သတင်းထွက်ပေါ်နေသော်လည်း UWSA အနေဖြင့် လက်နက်ခဲယမ်းကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ထံ ရောင်းချခဲ့ကြောင်းသာ ပြောဆိုထားသည်ကို တွေ့သည်။
PPV0011
ပုံ-အွန်လိုင်း
#မှုခင်း
#ပန်ဆန်းမြို့
#စာသင်ကျောင်းမှကျောင်းသူ
#ကျောင်းသား
#ဆရာ
#ဆရာမများ
#ဒေသခံပြည်သူများရှေ့
#သေဒဏ်ချမှတ်
#နှစ်ရှည်ထောင်ဒဏ်ချမှတ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7