ခမ်းသားငေါဝ်း
မေ ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/1C2UUqwrRa/
ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့အနောက်ဖက်ခြမ်း၊ လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက မေလ ၁၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် လေကြောင်း ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။
” ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသွားတယ်လို့ပြောတယ်၊လူအထိအခိုက်မရှိဘူးလို့ ကြားတယ်၊ နေအိမ်အချို့ပျက်သွားတယ် လို့ သိထားရပါတယ်၊ ကိုယ်တိုင်တော့သွားမကြည့်ရသေးဘူး” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
မိုးဗြဲမြို့တိုက်ပွဲ ပြင်းထန်နေပြီး နောက်ပိုင်း ဖယ်ခုံအနောက်ဖမ်းခြမ်းတစ်ကြောတွင် စစ်ကောင်စီ၏ လေယာဉ်များ နေ့စဉ်ဝဲပျံနေကာ ဒေသခံများစိုးရိမ် နေကြကြောင်းသိရသည်။
စစ်ရှောင်အမျိုးသမီးတစ်ဦးကလည်း ” လေယာဉ်ရက်တိုင်းဝဲတယ်၊ အဒေါ်ဆို ကြောက်လို့ လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲဆင်းနေတာ၊ တစ်ချို့ရက်တွေဆို တစ်ညလုံး လေယာဉ်ဝဲနေတော့ ဗုံးခိုကျင်းထဲအိပ်ရတဲ့ ခါလည်းရှိတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရင်နေ့တွင်လည်း ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ကလေးငယ်အပါအ၀င် စစ်ရှောင် ၉ ဦးသေဆုံးခဲ့ရသည်။
အဆိုပါ ဘန်ကောက်စစ်ရှောင်စခန်းကို ဖွင့်လှစ်ထားသည်မှာ ၃ နှစ်၀န်းကျင်ခန့်ရှိပြီဖြစ်ပြီး စစ်ဘေးရှောင် ၆၀၀ ကျော်ခန့်ရှိကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#ဖယ်ခုံမြို့အနောက်ဖက်ခြမ်း
#လအိကျေးရွာအနီး
#ဘန်ကောက်စစ်ရှောင်စခန်း
#လေကြောင်းဖြင့်ဗုံးကျဲချ
#ဗုံးခိုကျင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7