ခမ်းသားငေါဝ်း
မေ ၁၄၊ ၂၀၂၅
https://m.facebook.com/story.php?story_fbid=1116496843846828&id=100064595686020&mibextid=Nif5oz
လားရှိုးမြို့ရှိ လေဆိပ်ကို ယခုလ(၂၂)ရက်တွင် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း ယနေ့ ၌ ဒေသခံထံက စုံစမ်းသိရသည်။
ပြီးခဲ့သည့်(၂၀၂၄)ခုနှစ် ဇွန်လကုန်ပိုင်းက စတင်ပိတ်ထားခဲ့သော လားရှိုးလေဆိပ်၊ လေယာဉ်ပြေးလမ်း၊ အဆောက်အဦးတို့ကို မေလ(၉)ရက်နေ့ကစပြီး ပြန်လည်ပြုပြင်နေကာ လေယာဉ်လက်မှတ်လည်း စတင်ရောင်းချနေကြပြီ ဖြစ်သည်။
“ဒီလ(၂၂)ရက်ကျရင် စတင်ပြေးဆွဲတော့မယ်လို့ သိရတယ်။ အချိန်ဇယားလည်း စတင်ရေးဆွဲနေပြီပြောတယ်။ တခုရှိတာက လေယာဉ်လက်မှတ်ဝယ်တော့မယ်ဆိုရင် သေချာစုံစမ်းပေါ့နော် အလိမ်အညာတွေလည်း ပေါတော့၊ ဒါကိုလည်း သတိထားဖို့လိုအပ်တယ်”ဟု ဒေသခံသတင်းရင်းမြစ်က ခမ်းသားငေါဝ်းကိုပြောသည်။
လားရှိုးလေဆိပ်ပြန်လည် ပြေးဆွဲလာပါက ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းရှင်များလည်း တဖြည်းဖြည်း ပြန်လည် လည်ပတ်လာတော့မည် ဖြစ်သဖြင့် ယခင် တိုက်ပွဲက ပျက်စီးသွားသည့် ဟိုတယ်များလည်း ပြန်လည် ပြုပြင်နေကြပြီ ဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲတုန်းက ပျက်စီးသွားတဲ့ ဟိုတယ်ကြီးတွေလည်း ပြန်ပြုပြင်နေကြတာတွေ တွေ့ရတယ်။ အထိအခိုက် အရမ်းမများတဲ့ ဟိုတယ်တွေတော့ အခုကတည်း စတင်လည်ပတ်နေကြပြီ။ တချို့ဟိုတယ်ဆို တော်တော်လေးကို ထိခိုက်ပျက်စီးသွားတော့ အချိန်တော်တော်ယူပြီး ပြန်လည်ပြုပြင်ရမယ်”ဟု နောက်ထပ် ဒေသခံ(၁)ဦးက ပြောသည်။
လားရှိုးမြို့ကို တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် MNDAA မှမြို့တွင်း ပြန်လည်ဆုတ်ခွာအပြီး စစ်ကောင်စီမှ ပြန်လည်အုပ်ချုပ်ကာ အုပ်ချုပ်ရေးယန္တရားများလည်း ပြန်လည် လည်ပတ်နေကြောင်း သိရသည်။
တစ်ဖက်မှာလည်း ခိုးဆိုး ၊လုယှက်မှု ပေါများပြီး နေ့စဉ်လိုလို ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများရှိနေခြင်းကြောင့် ဒေသခံများ သွားလာရေးပိုင်းတွင် စိုးရိမ်ပူပန်မှုရှိနေကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#လားရှိုးမြို့ရှိလေဆိပ်
#စတင်ပြေးဆွဲတော့မည်
#လေယာဉ်ပြေးလမ်း
#အဆောက်အဦး
#ပြန်လည်ပြုပြင်နေ
#လေယာဉ်လက်မှတ်စတင်ရောင်းချ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7