ခမ်းသားငေါဝ်း

မေ ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/16dmLAu8M1/

လားရှိုးမြို့တွင် အမျိုးသမီးနှစ်ဦးမှ လမ်းဘေးတွင်ဆိုင်ကယ်ရပ်ထားစဥ် ရဲဝတ်စုံဖြင့်လူနှစ်ယောက်က ဆိုင်ကယ်သော့တောင်းပြီး စစ်ဆေးလိုသည်ဟုဆိုကာ တူးဘောက်ကိုဖွင့်ကြည့်ပြီးနောက် ခိုးဘီးပါဟုဆိုကာ နောက်ကနေရုံးကိုလိုက်ခဲ့ဟုပြောပြီး ဆိုင်ကယ်ကိုမောင်းပြေးသွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့၊မေလ ၁၂ ရက်နေ့၊နေ့လည် ၁ နာရီဝန်းကျင်တွင် လေယာဥ်ကွင်းအနီး ရဲဝတ်စုံ ဝတ်ထားသောလူနှစ်ယောက်က အမျိုးသမီးနှစ်ဦးအားစစ်ဆေးသည့်ပုံစံဖြင့် ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ခုကဘယ်သူ့ကိုမှမယုံရတော့ဘူး လူလိမ်တွေနဲ့သူခိုးဓားမြတွေအရမ်းများနေတော့ နေနေရတာ ကြောက်လန့်နေရတယ်။ ဒီလိုဖြစ်တာလည်း စစ်တပ်က ဘာမှလဲအရေးတယူဖမ်းဆီးလုပ်ဆောင်ပေးတာမရှိဘူး။ တစ်ရက်ပြီးတစ်ရက် ပိုဆိုးလာတယ်။” ဟု ဒေသခံတဦးကပြောသည်။

ဧပြီလ ၂၆ နေ့ ညနေ ၇ နာရီ ဝန်းကျင်တွင်လည်း ရက်ကွက် ၉ နယ်မြေ ၁ ခေးနင်းလမ်းသွယ် ၁၀ ရှိအိမ်တစ်အိမ်ကိုဓားမြတစ်စုကဝင်ရောက်လုယက်ပြီး အိမ်ရှင်ကိုပါ ဓားဖြင့်ခုတ်သွားသဖြင့် တစ်ဦးသေဆုံးသွားခဲ့ရကြောင်းသိရသည်။

ယခုတွင် ဓားမြမှု၊လုလက်မှုများကို စစ်ကောင်စီက အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ မြို့ခံအချင်းချင်းများသာ အွန်လိုင်းပေါ် သတိပေးစာ တင်ကြကြောင်းသိရသည်။

#PPV005
ပုံ-လုယူခံရသောဆိုင်ကယ်(အွန်လိုင်း)
#မှုခင်း
#လားရှိုးမြို့
#အမျိုးသမီးနှစ်ဦးမှလမ်းဘေးတွင်ဆိုင်ကယ်ရပ်ထား
#ရဲဝတ်စုံဖြင့်လူနှစ်ယောက်
#ဆိုင်ကယ်သော့တောင်းပြီးစစ်ဆေး
#တူးဘောက်ကိုဖွင့်ကြည့်
#ခိုးဘီး
#နောက်ကနေရုံးကိုလိုက်ခဲ့
#ဆိုင်ကယ်ကိုမောင်းပြေးသွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7