ခမ်းသားငေါဝ်း

မေ ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/1G7QGJVLTh/

ဖယ်ခုံအနောက်ဖက်ခြမ်းတွင် မိုးရာသီ၀င်လာသည်နှင့်အမျှ လေပြင်းတိုက်၊ မိုးသည်းထန်စွာရွာသွန်းနေပြီး စစ်ရှောင်များအတွက် မိုးကာများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ အနောက်ဖက်ခြမ်းတွင် မိုးရာသီအ၀င် လေပြင်းတိုက်၊ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စစ်ရှောင်တဲများ အမိုးအကာပျက်စီး မှုများရှိနေပြီး ပြန်လည်ပြုပြင်ဖို့ရန် မိုးကာများလိုအပ်နေသည်။

” အခုမှ မိုးစ၀င်ပဲရှိသေးတယ်၊ လေပြင်းတွေတိုက်၊ မိုးအကြီးရွာတော့ အချို့တဲက ပျက်နေပြီ၊ ပြီးတော့ဒီနှစ်ကလည်း မိုးများမယ်လို့သိရတယ်၊ မိုးရာသီ အတွက် သူတို့ မိုးကာအသစ်တွေလိုအပ်တယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ဘေးရှောင်ကာလ ကြာမြင့်လာသောကြောင့် မိုးကာများ ဆွေးမြေ့နေကာ မိုးကာအသစ်များလိုအပ်နေကြောင်းသိရသည်။

စစ်ဘေးရှောင်တစ်ဦးကလည်း ” စစ်ရှောင်နေတာကြာပြီကော၊ သုံးနှစ်ကျော်ပြီ၊ မိုးကာတွေကလည်း ဆွေးနေပြီ၊ လေနဲနဲတိုက်တာနဲ့ပြဲပြီ လေ၊ ကိုယ့်က််ိုလည်း အသစ်မ၀ယ်နိုင်ဘူးလေ၊ ဒီလိုပဲ အလှူရှင်တွေပဲ စောင့်ရတာပေါ့၊ မိုးရာသီအတွက်တော့ ခိုင်ခံ့ တဲ့မိုးကာကလေး လိုချင်ပါတယ်” ဟုဆိုသည်။

ထို့အပြင် မိုးရာသီတွင် ရေကြီးရေလျှံမှု၊ သန့်ရှင်းသောရေမရရှိမှုတို့ ကြောင့် ဖျားနာမှုများ မကြာခဏ ဖြစ်ပွား တတ်သောကြောင်း ဆေးဝါးများလည်း လိုအပ်နေကြောင်းသိရသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံအနောက်ဖက်ခြမ်း
#မိုးရာသီ၀င်လာ
#လေပြင်းတိုက်
#မိုးသည်းထန်စွာရွာသွန်းနေ
#စစ်ရှောင်များ
#မိုးကာများလိုအပ်နေ
#စစ်ဘေးရှောင်ကူညီနေသူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7