ခမ်းသားငေါဝ်း
မေလ ၁၃၊ ၂၀၂၅

https://www.facebook.com/share/p/16gxdt77Ma/

ပေပေါင်း ငါးထောင်နီးပါရှိ တံတားကန်ရွာနှင့် ရွာဟောင်းရွာ ရွာချင်းဆက်လမ်းကို တံတားကန်ကျောင်းဆရာ တော်ဦးဆောင်၍ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းခင်းပြီး မေလ ၁၃ ရက်နေ့က ဖွင့်ပွဲပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စု တံတားကန်ရွာနှင့် ရွာဟောင်းရွာ ရွာချင်းဆက်လမ်းကို ခုနှစ်ရက်သားသမီးများ အန္တရာယ်ဘေးကင်းစွာ သွားလာနိုင်စေရန် ဆရာတော်မှဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းခင်းပေးခြင်းဖြစ်သည်။

‘’ခုနှစ်ရက်သားသမီးတွေ သွားလာကောင်းမွန်စေဖို့ မြေသားလမ်းကို ကိုယ်ထူကိုယ်ထ ကတ္တရာလမ်း ပြောင်းခင်းပေးတာ၊ မြေသားလမ်းက နှစ်တိုင်းပြင်နေရတယ်၊ ကတ္တရာခင်းနိုင်တော့ သွားလာရ မြန်ဆန်လာတယ်၊ မိနစ် ၃၀ လောက်သွားရတဲ့ခရီးကို ၁၀ မိနစ်နဲ့ ရောက်နိုင်တာပေါ့” ဟု ဆရာတော်က ခမ်းသားငေါဝ်းကို မိန့်ကြားခဲ့သည်။

ထိုရွာချင်းဆက်လမ်းသည် ပေပေါင်း (၄၇၇၅) ပေရှိပြီး ကိုယ်ထူကိုယ်ထ ကတ္တရာခင်းရာတွင် သိန်းတစ်ထောင်နှစ်ရာကျော် ကုန်ကျကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ကျေးလက်ဒေသများရှိ ရွာချင်းဆက်လမ်းများသည် အများစု မြေသားလမ်း ဖြစ်ကြပြီး မိုးရာသီတွင်သွားလာရအလွန်ခက်ခဲကြသည်။

#ppv002
#လမ်းတံတား
#social
#တံတားကန်
#ကိုယ်ထူကိုယ်ထ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။