ခမ်းသားငေါဝ်း
မေလ ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/1638ufcvbo/

ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု ၊ နောင်တောင်း ပရဟိတ တပ်ဦးဘုန်းတော်ကြီးကျောင်း အနီးတွင် အစိုးရ ပိုင်မြေအဖြစ် ဧကငါးရာကျော်ကို ပြန်လည် သိမ်းယူရန် တတိယအကြိမ် သတိပေးစာကပ်ထားကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းအနီးမြေ(၅၆၁ . ၇၅) ဧက ပေါ်တွင် ဆောက်လုပ်ခွင့်မရှိဘဲ တရားမဝင် လူနေအိမ် ဆောက်လုပ်ခြင်း ၊ မြေကွက်ဖော်ထုတ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်း ၊ ကျောက်တိုင်စိုက်ထူခြင်းများ ဆောင်ရွက်နေသည်ကိုတွေ့ရှိ၍ အမိန့်စာကပ်ပြီး ၁၅ ရက် အတွင်း ထွက်ခွာသွားရန် စစ်ကောင်စီအစိုရ က အသိပေးထားခြင်း ဖြစ်သည်။

“အိမ်ခြံမြေ ဝန်ဆောင်မှု ပေးသူတွေ ပွဲစားတွေပေါ့ဗျာ၊ မြေပွဲစားတွေက ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီး မြေကွက်တွေ အကွက်ရိုက် ပြီး ဖော်ရောင်းနေကြတာ ကို မသိနားမလည်ဘဲ ဝယ်ယူတဲ့ ဝယ်လက် တွေက နောက်ဆုံး ခံလိုက်ရတာပါပဲ။ မြေယာကိစ္စတွေကို လေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။ လယ်ယာမြေကွက်၊ အိမ်ခြံမြေ ဝယ်ယူတော့မယ် ဆိုရင် ဥပဒေ နားလည်သူ ရှေ့နေတွေနဲ့ တိုင်ပင်ကြဖို့ အကြံပေးချင်ပါတယ်။”ဟု ဟိုပုံးမြို့မှ ဒေသခံ တစ်ဦးက ဆိုသည်။

၁၈၈၉ ခုနှစ် အထက် မြန်မာနိုင်ငံ မြေ နှင့် အခွန် စည်းမျဉ်း ဥပဒေ ၊ နည်းဥပဒေ ၆၉ (၁) တို့ အရ ဆင့်ဆို လိုက်ကြောင်း ၂၀၂၅ ခုနှစ် ဧပြီလ ၂၆ ရက် တွင် အမိန့်စာကို နောက်ထပ် တစ်ကြိမ် ထပ်မံ အသိပေးကပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကြီးနှင့် ဟိုပုံးတို့တွင် ထိုသို့ တတိယအကြိမ် ဆင့်စာကို ကပ်ထားလိုက်ပြီ ဖြစ်သောကြောင့် ဥပဒေအရ အုပ်စုဖြင့် အင်အားသုံး ရှင်းလင်းမည့် နည်းလမ်းသာကျန်တော့ကြောင်း ဥပဒေ ပညာရှင် များ ပြောပြချက် အရ သိရသည်။

ထိုကိစ္စရပ်များကို အိမ်ပိုင်ရှင် များအနေဖြင့် နှုတ်ဖြင့် တောင်းပန်ခြင်းသာ ပြုလုပ်သော်လည်း စာဖြင့် အသနားခံစာစုပေါင်း တင်ပြခြင်း မရှိသလောက် နည်းပါးခဲ့ကြောင်း ၊ ဥပဒေကို နားမလည်ခြင်း ၊ ခေတ်ကာလ အခြေအနေအရ လုပ်ဆောင်ရန် ခက်ခဲလာခြင်း ၊ တက်ကြွလှုပ်ရှားသူနည်းပါးလာခြင်းတို့ကြောင့် ပြည်သူလူထု တို့သည် အခက်အခဲ မျိုးစုံ ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။

တောင်ကြီးမြို့နယ် ၊ အေးသာယာမြို့နှင့် ရွှေညောင်မြို့ တို့ရှိ ဂရမ်အမည်ပေါက် မြေကွက်များကို အကွက်ရိုက်ရောင်းသည့် မြေကွက်များကို ဝယ်ယူပြီး လက်ရှိ နေထိုင်သူများလည်း စိုးရိမ်စရာ အခြေအနေ ဖြစ်လာနိုင်ကြောင်းသိရ သည်။

#PPV-006
#လယ်ယာမြေ
#ဟိုပုံး
#နောင်တောင်း
#မြေသိမ်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။