ခမ်းသားငေါဝ်း
မေ ၁၄၊ ၂၀၂၅
https://www.facebook.com/share/p/1FU7TVR7Y6/
တောင်ကြီးမြို့ပေါ်၌ ဆိုင်ကယ်များကို ပေါ်တင် အုပ်စုဖွဲ့၍ ပျောက်နေသည့်မိမိတို့ဆိုင်ကယ်ဟုဆိုကာ စရဖ၊ ရဲများယောင်ဆောင်ပြီး ဆိုင်ကယ်များကို ပေါ်တင်လိုက်လံခိုးယူနေကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် အုပ်စုလိုက် ပျောက်ဆုံးနေသည့် မိမိတို့ဆိုင်ဖြစ်ကြောင်း လိုင်စင်သက်သေအထောက်များစစ်ကာ မပြနိုင်ပါက စရဖ၊ ရဲတပ်မှပုံစံဖြင့် ဖြဲခြောက်ပြီး ပေါ်တင်ယူသွားသည်၊၊
“သူတို့က ရိုးရိုးအအတွေဆ်ိုရင် ရဲလိုလို၊ စရဖက လိုလို နာမည်သုံးပြီး ဖြဲချောက်တာ၊ ခိုးဘီးမို့ သိမ်းတဲ့ပုံစံမျိုးလိမ်ယူတာ၊ အချို့ကျ လိုင်စင်ဘီး မဟုတ်ရင် အထောက်အထားက မရှိတော့ ကြောက်ပြီး ပေးလိုက်တယ်”ဟု ဒေသခံတစ်ဦးမှပြောသည်၊၊
အဲလိုဖြစ်လာပါက ကိုယ်ဝယ်သည့်သူနဲ့ လိုက်ရှင်းပါဆိုပြီးထိပ်တိုက်တွေ့ပေးလိုက်ပါ၊ မကြောက်ရန် ၄င်းကဆက်ပြောသည်။
နောက်ဒေသခံတစ်ဦး၏ ဆိုင်ကယ်ကို လူနှစ်ယောက်က တခြားသော့ဖြင့်ဖွင့်ချိန် ပွင့်သွားပြီး ပိုင်ရှင်ဖြစ်သူမြင်သဖြင့် ၎င်းလူနှစ်ဦးသည် ခိုးခံခဲ့ရသည့် ဆိုင်ကယ်နှင့်တူသဖြင့် ဖွင့်စမ်းကြောင့်နှင့် ပိုင်ရှင်ကို ဆိုင်ကယ်အထောက်အထားပြခိုင်းပြီး အိမ်အထိ ဝယ်ထားသည့်သက်သေအထောက်အထား တောင်းကြည့်ခဲ့ကြောင်း သိရသည်။
ဖြစ်ဥ်သိရှိသူတစ်ဦးက “အိမ်ရောက်တော့ ပိုင်ရှင်က ငါဝယ်ထားတာ လိုင်စင်ဘီး၊ ဒီမှာ စာရွက်စာတမ်း၊ နင်တို့လူ ပါးမဝနဲ့ နင်တို့ ဆိုင်ကယ်မှန်ရင် အထောက်အထားပြလေလို့ ပြန်ပြောမှ အိမ်ကနေထွက်သွားတယ်” ဟုပြောသည်။
နောက်ဒေခံတစ်ဦးကလည်း ဆိုင်ကယ်ဝယ်ထားသည်မှာကြာပြီဖြစ်သော်လည်း လူတစ်စုက စရဖကလိုလို၊ စစ်သားစုဆောင်းရေးတပ်ကလိုလိုနှင့် ထွေအုပ်ကဆိုင်ကယ်ဟုဆိုကာ အုပ်စုလိုက်သိမ်းယူသွားသဖြင့်မည်သို့လုပ်ဆောင်ရမည်ကို တောင်ကြီးသူတောင်ကြီးသားများ ဆုံစည်းရာဂရုတွင် တင်ထားသည်၊၊
ကောမန့်တွင် လိုင်စင်ဘီးမဟုတ်ပါက သူခိုးလက်ခံအဖြစ် အရေးယူနိုင်သဖြင့်လိုက်မသွားရန် သတိပေးသူများလည်းရှိသည်၊၊
မေလ ၁၂ ရက်နေ့တွင် ဘုရားဖြူ ရပ်ကွက်ရှိ မုန့်လာဝယ်သည့် ကလေးများ၏ ဆိုင်ကယ်ကိုလည်း ဆိုင်ကယ်ခိုးသူများက ၎င်းတို့၏ ဆိုင်ကယ်ဟု ဆိုပြီး သော့ဖွင့်၊ ချက်ချင်းမောင်းပြေးသွားကြောင်းသိရသည်။
PPV0013
ပုံ- ခမ်းသားငေါဝ်း
#မှုခင်း
#တောင်ကြီးမြို့ပေါ်
#ဆိုင်ကယ်များ
#ပေါ်တင်အုပ်စုဖွဲ့ခိုးယူ
#ပျောက်နေသည့်မိမိတို့ဆိုင်ကယ်ဟုဆိုကာ
#စရဖ
#ရဲများယောင်ဆောင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7