ခမ်းသားငေါဝ်း
မေ ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/193gzXW2rM/
စံကားဒေသတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း မေလ(၁၃)ရက်နေ့တွင် သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတောင်ဘက်ပိုင်းတွင် စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးအင်မားစုများအကြား မေလပထမပတ်မှစတင်ကာ ယခုချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
“ဒီထီခိုးရွာဘက်မှာဆို မြေပြင်ထိတွေ့တိုက်ပွဲကတော့ တစ်ခါတစ်လေပဲရှိတာ ဒါပေမဲ့ စစ်တပ်ဖက်ကတော့ နမ်းဗွန်ရွာဘက်ကနေ နေ့တိုင်းထီခိုးရွာဘက်လက်နက်ကြီးပစ်ထည့်တယ်၊ ဒီရက်ဆိုလည်း မနက်က ၇ နာရီလောက်ကတည်းက ခုနေ့လည်ပိုင်းထိ လက်နက်ကြီးထုနေတုန်းပဲ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ထီခိုး၊ ဘုရားတောင်၊ ညောင်လေးပင်စသည့် ကျေးရွာများတွင် တပ်စွဲနေရာယူထားသဖြင့် စစ်ကောင်စီက ၎င်းတို့တပ်စွဲရာနေရာများသို့ နေ့စဥ်နီးပါး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်း ရံဖန်ရံခါ မြေပြင်၌ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ဒီဘက်မှာဆို သူများလက်နက်ကြီးပစ်လည်းဒီတိုင်းပဲ တစ်ချို့ဆို သူ့ခြံထဲစစ်တပ်က လက်နက်ကြီးအထိုင်ချပြီးပစ်နေတာကို လယ်ထွန်နေသေးတယ် သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုလုပ်ဆိုတဲ့သဘောပေါ့ အခုကစိုက်ပျိုးရာသီလည်းရောက်တော့မှာဆိုတော့လေ” ဟု၎င်းကဆက်ပြောသည်။
ထို့အပြင် စံကားအရှေ့တောင်ဘက်ရှိ ဘန်းပြင်ကျေးရွာအုပ်စု လွယ်လုံရွာဘက်တွင်လည်း စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
PNO ပြည်သူ့စစ် နှင့်ရင်းနီးသည့် သတင်းရင်းမြစ်တစ်ဦးက“လွယ်လုံဘက်မှာဆို ခုထိတိုက်ပွဲပြင်းထန်နေတုန်းပဲ ဒီတစ်ရက်နှစ်ရက်အတွင်းက စခန်းတွေသိမ်းတော့ တိုက်ပွဲတွေပိုပြင်းတယ်၊ စန့်စွဲ၊ လွယ်လုံ၊ စန့်လိပ် တွေတော့ PNO ပြည်သူ့စစ်ဘက်က သိမ်းရပြီ ဒီဘက်အကုန်လုံးသိမ်းပြီးရင် ထီခိုးဘက်ဆင်းမယ်ထင်တယ်” ဟု ပြောသည်။
လွယ်လုံတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNOပြည်သူ့စစ်ဘက်က (၂)ဦးထက်မနည်း ကျဆုံးခဲ့ပြီး (၁၇)ဦးကျော်က ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်တွင်လည်း ထိခိုက်သေဆုံး မှုများရှိနေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်များ ကောင်းမွန်စွာလုပ်ကိုင်နိုင်ရန်ဟုဆိုကာ မေလကုန်ထိ အပစ်ရပ်သက်တမ်းတိုးထားသော်လည်း မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်စခန်းများ၊ ထိန်းချုပ်ရာနယ်မြေများသို့ နေ့စဥ်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#စစ်ရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသတောင်ဘက်ပိုင်း
#စစ်ကောင်စီ
#PNOပြည်သူ့စစ်
#တော်လှန်ရေးအင်မားစုများ
#စစ်ရေးတင်းမာနေဆဲ
#တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7