ခမ်းသားငေါဝ်း

မေ ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/1Dn3RxagV2/

ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲ ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးသွားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ရှိ တောင်ပို့ကွဲ၊ရေပူ ကျေးရွာတစ်ကြောကို ဧပြီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီနှင့် PNO တို့ကအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာကာ ၊ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေသောကြောင့် တောင်ပို့ကွဲ ကျေးရွာရှိ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးသွားသည်။

” လက်နက်ကြီး အဆက်မပြတ်ပစ်နေတာ၊ လေယာဉ်ပစ်ကူတွေရောပဲ၊ တိုက်ပွဲမရှိတဲ့ ရွာတွေထဲပါ ပစ်တယ်၊ မနေ့ညတော့ တောင်ပို့ကွဲ ရွာကို လက်နက်ကြီးပစ်တယ်၊ ဘုန်းကြီးကျောင်းအပေါ်တစ်လုံးကျသွားတယ်လို့ပြောတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦး က ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့သည် ရောက်ရှိရာကျေးရွာများအတွင်း နေအိမ်များမီးရှို့ဖျက်ဆီးနေသည့်အပြင် ကျေးရွာများအတွင်းသို့လက်နက်ကြီးများ ပစ်ခတ်‌နေသောကြောင့် ပြည်သူ ထိခိုက်သေဆုံး မှုများရှိနေကြောင်းသိရသည်။

‌ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံအင်းအရှေ့ဖက်ကမ်း တစ်ကြောတွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် ပြည်သူများ ဘေးကင်းလုံခြုံမှုကို ဦးစားပေးကာ ဖြတ်သန်းသွားလာခြင်းမပြုကြရန် တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#တောင်ပို့ကွဲကျေးရွာရှိ
#ဘုန်းကြီးကျောင်း
#လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့
#ထိခိုက်ပျက်စီး
#တော်လှန်ရေးရဲဘော်တစ်ဦး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7