ခမ်းသားငေါဝ်း
မေလ ၁၂၊ ၂၀၂၅

https://www.facebook.com/share/v/16Wd52rV7n/

ပင်လုံ ကျောက်တန်းလမ်းတွင် မူဆယ် တောင်ကြီး ပြေးဆွဲသည့် ယာဉ်လိုင်း လိုင်းကား တစ်စီးတိမ်းမှောက်၍ ယာဉ်မောင်း သေဆုံး ခဲ့ကြောင်း သိရသည်၊

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံ ကျောက်တန်းလမ်းပေါ်တစ်နေရာ တွင် ကုန်ပစ္စည်းတင် Alphard ကားအမျိုးစားတစ်စီးတိမ်းမှောက်ခဲ့ကြောင်းသိရသည်။

“မနေ့ည ၈ နာရီ လောက်က ဖြစ်တာ။ယာဥ်မောင်းက ကားမှောက် ထဲက ဆုံးသွားတယ်၊ ဒီနေ့ တောင်ကြီး မှာ မြေချ မှာပေါ့၊” ဟု သိရှိသူ တစ်ဦးက ဆိုသည်၊

ကွယ်လွန်သူ ယာဉ်မောင်း မိသားစု သည်လည်း မူဆယ် မှ တောင်ကြီးသို့ ယနေ့ မနက်ပိုင်း ထွက်ခွာလာကြောင်း သိရသည်၊

တိမ်းမှောက်ထားသည့်ကားသည် ရစရာမရှိပျက်စီးပြီး ကုန်ပစ္စည်း များလည်းပွစံကြဲ၊ ယာဥ်မောင်းသည်ထိုနေရာပင်သေးဆုံးကြောင်းသိရသည်။

ထို ကျောက်တန်း လမ်းသည် အဆင်းအတက် များသဖြင့် ဘရိတ်ကို အရမ်းနင်းလျှင် ဘရိတ်ပူကာ မမိတော့ဘဲ တိမ်းမှောက်ခြင်း ဖြစ်နိုင်ကြောင်းဒေသခံ တစ်ဦးက သုံးသပ် ပြောဆိုသည်၊

အဆိုပါ ပင်လုံကျောက်တန်း လမ်းသည်ယာဉ်လိုင်း များ မကြာခန တိမ်းမှောက်လေ့ ရှိပြီး ၊ မော်တော် ကား မီးလောင်ခြင်း များလည်း ကြုံတွေ့ရဖူးကြောင်း သိရသည်။

#ppv006
#ယာဥ်တိမ်းမှောက်
#မှုခင်း
#ပင်လုံ ကျောက်တန်းလမ်းပေါ်

video credit

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed