ခမ်းသားငေါဝ်း
မေ ၁၃၊ ၂၀၂၅

https://m.facebook.com/story.php?story_fbid=1115704620592717&id=100064595686020&mibextid=Nif5oz

တောင်ကြီးမြို့ပေါ်ရှိ မြကန်သာထဲတွင် မနက် ၁၀ နာရီ ဝန်းကျင် ခန့်တွင် ဒေသခံတစ်ဦး ဆိုင်ကယ် ရပ်ထားသည့်ကို ယနေ့ မေလ ၁၃ ရက်နေ့ မနက်ပိုင်းတွင် ခိုးခံရကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ မြကန်သာအထဲ ဆိုင်ကယ်ရပ်ရန်နေရာ၌ ဒေသခံတစ်ဦး ယနေ့မနက် ၁၀ နာရီ ဝန်းကျင်၌ HONDA Dream ဆိုင်ကယ် တစ်ဦးခိုးခံရသည်။

“မနက်က မြကန်သာနားမှာ ဆိုင်ကယ်ရပ်တဲ့နေရာရှိတယ်ဗျ ဆိုင်ကယ်က နှစ်စီးရပ်ထားတာ ၊ အဲ့တာကို ကျွန်တော်တို့ဆိုင်ကယ်တစ်စီးဘဲပျောက်သွားတယ် ၊ အဲ့ဘေးကတစ်စီးကမပျောက်ဘူး၊ အဲ့နားက စည်ပင်သန့်ရှင်းရေးပြောတာတော့ ၊ အဲ့ဆိုင်ကယ်နှစ်စီးရပ်ထားတာကိုမှ ဦးလေးကြီးတစ်ယောက်က လာမောင်းသွားတယ် အဲလို့တော့ပြောတာဘဲ ၊ ကျွန်တော် တောင်ကြီးကဖေးမှာ ခနထိုင်​နေတယ် ထိုင်ပြီးတော့ ကာဗာနန်းတော်ထဲ ဖုန်းပစ္စည်း ခနဝင်ဝယ်တယ် ၊ ထွက်ကြည့်တာတော့ မရှိတော့ဘူး”ဟု ဆိုင်ကယ်ပျောက်သူ ပိုင်ရှင်မှ ပြောသည်။

မြကန်သာ အဝင်ပေါက်နှင့်နီးစပ်ရာ CCTV ကို ကြည့်ချိန်တွင် မသင်္ကာသူဦးလေးတစ်ယောက်ကို တွေ့ရှိကြောင်းသိရသည်။

“ကာဗာနန်းတော် CCTV တောင်းကြည့်တဲ့အခါကြတော့လည်း ဆိုင်ကကော်တွေနဲ့ ဆိုတော့ ကောင်းကောင်းမမြင်ရဘူး၊ အဲ့တာ စက်သော့လည်းခတ်ခဲ့တယ် တစ်နာရီ ကြာတော့ မရှိတော့ဘူး၊ CCTV ပြန်ကြည့်ခါတော့လည်း သေချာလားမသေချာလာမသိဘူးပေါ့နော် အဲ့ဦးလေးကတော့ဝဲလည်ဝဲလည် လုပ်နေတာတော့တွေ့တယ်”ဟု ၎င်း ကဆက်ပြောသည်။

ထို့ကြောင့် ပြီးခဲ့သည် ဧပြီလတွင်လည်း နေ့ခင်းကြောင်တောင် အမျိုးသမီးကြီးတစ်ဦး ထံမှ ဆိုင်ကယ်ဝင်ရောက် လုယူကာ မောင်းထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် နေ့စဉ်မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှု ဖြစ်ပွားနေပြီး ၊ ခိုးယူခြင်း ခံရသော မော်တော်ဆိုင်ကယ် ပြန်လည်ရရှိမှုနည်းပါးကြောင်း သိရသည်။

PPV0013
ပုံ-Cj
#မှုခင်း
#တောင်ကြီးမြို့ပေါ်
#မြကန်သာထဲ
#ဆိုင်ကယ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed