ခမ်းသားငေါဝ်း
မေလ ၁၂၊ ၂၀၂၅

https://www.facebook.com/share/p/1KYDRTT2oN/

တရားမဝင် ကုန်စည်ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးထံမှ မေလ ၁၁ ရက်တွင်သိရသည်။

တရားမဝင် သစ်မျိုးစုံ ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ နှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်းစစ်ကောင်စီ၏ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

“အခု မေလ အတွင်း တရားမဝင် ကုန်စည် ဖမ်းဆီးမှု ပိုများလာတယ်။ အများဆုံးက ဟိုပုံးတပ်နယ် မှာ ဖြစ်နေတယ်။ နောက်ပြီး ဖမ်းဆီးရမိမှုရဲ့ ၂၀ ရာခိုင် နှုန်း ကိုလည်း သတင်းပေး အတွက် ခွဲဝေပေးတယ်လို့ ကြားသိရတယ်။ ယာဉ်မောင်းတွေ ယာဉ်ပိုင်ရှင် တွေ အနေနဲ့တော့ အရမ်းကို ဂရုစိုက်ရမယ့် အချက်တစ်ခု ဖြစ်တယ်။ ကုန်စည်တင်တဲ့အခါ စာရွက်စာ တမ်း အထောက်အထား စုံရဲ့လား၊ တရားမဝင် ကုန်စည်လားဆိုတာ သေချာခွဲခြားဖို့ လိုပြီ။”ဟု ယာဉ်မောင်းတစ်ဦးက ဆိုသည်။

တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်း ၁၅ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး၊ လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၄၁၀၀၁၆၅) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsu-bishi Fuso Truck သုံးစီး၊ Nissan Diesel Truck တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၂၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၄၆၄၁ ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မေလ ၈ ရက် နှင့် ၉ ရက် နှစ်ရက်အတွင်း ဖမ်းဆီးရမိမှု အမှုတွဲ စုစုပေါင်း ၁၇ မှု ၊ ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ငါးထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက် နှင့် မေလ ၁ ရက် တို့တွင် တစ်နိုင်ငံလုံး ဖမ်းဆီးရမိမှု စုစုပေါင်း မှာ အမှုတွဲ ၆၄ မှု ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း သုံးသောင်း ကိုးထောင် ရှစ်ရာ့ ငါးဆယ်ကျော် ကို ဖမ်းဆီးရမိခဲ့ကြောင်း ကြား သိရသည်။

၂၀၂၅ ခုနှစ် မေလ ၂ ရက်တွင်လည်း ရှမ်းပြည် နယ်၊ တာချီလိတ် မှ တောင်ကြီးသို မောင်းနှင်လာသည့် ယာဉ် ၁၁ စီးပေါ်မှ ကျပ်သိန်း ငါးထောင်နီးပါး တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

#PPV-006
#တရားမဝင်ကုန်စည်
#ဖမ်းဆီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။