ခမ်းသားငေါဝ်း
မေ ၁၂၊ ၂၀၂၅

https://www.facebook.com/share/p/18xZeBXARb/

ဆိုက်ခေါင်တွင် လာမည့် ကျောင်းမဖွင့်မည် ကျောင်းသူများ၏ ပုံကို အွန်လိုင်းပေါ်တွင် ညစ်ညစ်ညမ်းညမ်း ပုံများပြုလုပ်ပြီး ငွေညစ်တောင်းသူ အွန်လိုင်းအဖျက်သမားများကို ထိရောက်စွာဖမ်းဆီး အရေးယူပေးရန် ကျောင်းသားမိဘများက တိုင်ကြားစာပို့လာကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဒေသ တိုင်းကြားစာတွင် ပြီးခဲ့သည့်နှစ်များအတွင်း မသမာသူ လူတစ်ချို့က ကျောင်းသူများ၏ ဓာတ်ပုံကိုယူပြီး Photoshop နှင့် အမြင်မတော်သည့် ပုံများသုံးပြီး ပုံပိုင်ရှင်တွေဆီကနေ ငွေညစ်ခြင်းများပြုလုပ်နေခြင်း၊ တစ်ချို့ကျောင်းသူများက မိဘကို ပြန်မပြောရဲခြင်းကြောင့် ခြိမ်းခြောက်၊ ငွေညစ်ခံရခြင်းများကြုံတွေ့ရပြီး အဆိုးဆုံး ကိုယ်ကို ပြန်သတ်သေမည့်အဆင့်ထိရောက်ခဲ့ကြောင်းဖော်ပြထားသည်။

ထို့ကြောင့် ကျောင်းမဖွင့်မည် ဆိုက်ခေါင်ရှိ တာဝန်ရှိသူများအနေဖြင့် မသမာသူများကို အမြန်ဆုံးစုံစမ်းဖမ်းဆီးအရေးယူပေးရန် ရေးသားထားသည်။

၎င်း အကြောင်းအရာကို သိရှိသူ ဒေသခံတစ်ဦးမှ “အဲ့ကိစ္စကတော့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတော့ မသိဘူး၊ ဖြစ်တာတော့ကြာပြီး ၊ အွန်းလိုင်း scan ကိစ္စ တွေ ဖြစ်တာ ကြာပြီ၊ ကိုယ်တွေလုပ်နိုင်တာလုပ်ပေါ့၊ ပညာ (educate)ပေးလို့ရရင်ပေးပေါ့၊ဒီကာလမှာ ဘလိန်းနေလို့လည်း ဘာမှာ မထူးဘူးလေ ၊ sex education ပေးနိုင်တာရှိရင်ပေးပေါ့၊ sex education အားနည်းလို့ခုလို့မျိုးတွေ ဖြစ်တော့ ဒါမျိုးနောက်မဖြစ်ရအောင် အချင်းချင်း ဝိုင်းဝန်းကူညီဖို့လိုအပ်ပါတယ်” ဟု ပြောကြားထားသည်။

တစ်ကမ္ဘာလုံး၌ တစ်နှစ်ကို ကလေး သန်း ၃၀၀ ကျော် အွန်လိုင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းခံရပြီး ၎င်းသုတေသနစာတမ်း ၏ ကလေးရှစ်ဦးတွင် တစ်ဦးနှုန်းလိင်ပိုင်းဆိုင်ရာ ရုပ်ပုံများနှင့် ဗီဒီယိုများရဲ့ သားကောင်ဖြစ်ခဲ့ရပြီး ယင်းပမာဏသည် တစ်ကမ္ဘာလုံးနှင့်ချီပါက ၃၀၂ သန်းခန့်ရှိကြောင်း သုတေသန စာတမ်းအရ သိရသည်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟု ခေါ်သည့် ပြစ်မှုများမှာ ကလေးများ၏ မျက်နှာများနှက့် AI အသုံးပြု အတုအယောင် ဗီဒီယိုများ၊ ပုံများဖန်တီးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

PPV0013
ပုံ-အွန်လိုင်း

#လာမည့်ကျောင်းမဖွင့်မည်
#ကျောင်းသူများပုံ
#အွန်လိုင်းပေါ်တွင်ညစ်ညစ်ညမ်းညမ်းပုံများပြုလုပ်
#ငွေညစ်တောင်းသူ
#အွန်လိုင်းအဖျက်သမားများ
#ထိရောက်စွာဖမ်းဆီးအရေးယူပေးရန်
#တိုင်ကြားစာပို့

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed