ခမ်းသားငေါဝ်း
မေ ၁၁၊ ၂၀၂၅
https://www.facebook.com/share/p/1AXs2w3Zrm/
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရက ဒီဇင်ဘာလတွင် စစ်ကောင်စီမှ ကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲသည် လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည့်ထွက်ပေါက် (လုံးဝ) မဟုတ်ကြောင်းကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသို့ အကြံပြုတိုက်တွန်းထုတ်ပြန်ထားသည်။
၎င်း ထုတ်ပြန်ချက်ကို မေ ၁၀ ရက်နေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီ ကျင်းပမည် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို အကြံပြုတိုက်တွန်းစာနှင့်တကွ ထုတ်ပြန်ထားသည်။
ထုတ်ပြန်စာတွင် ၂၀၀၈ ဖွဲ့စည်းပုံအောက်၌ မည်သည့်နိုင်ငံရေး လမ်းကြောင်းမျှ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိနိုင်မည် မဟုတ်ကြောင်းနှင့် လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာများ (Political Crisis)ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက်လည်း (လုံးဝ) မဟုတ်ကြောင်းထုတ်ပြန်ထားသည်။
ယင်းစာ၌ ၂၀၀၈ ခုနှစ်တွင် ပြည်သူများ သိန်းသန်းချီ ထိခိုက်သေဆုံးခဲ့ရသည့် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးချိန်တွင် ပြည်သူတို့၏ ဆင်းရဲဒုက္ခများကို ဥပက္ခာပြုလျက် စစ်တပ်အာဏာရေရှည်တည်တံ့ရေး ရည်ရွယ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလုပ်ထုံးလုပ်နည်း၊ စာရင်းဇယား တိကျမှန်ကန်မှုများမရှိဘဲ ပြည်သူ့ဆန္ဒခံယူပွဲ အမည်တပ်ကာ ပြည်သူများ လက်ခံအတည်ပြုသလို လိမ်ညာလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြည်သူ့ဆန္ဒနှင့် ကင်းလွတ်၍ ပေါ်ပေါက်လာသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းစဉ်ကတည်းက ပျက်ပြယ်ပြီးဖြစ်ကြောင်းနှင့် CRPH အပါအဝင် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများကလည်း ဖျက်သိမ်းခဲ့ပြီး ဖြစ်ကြောင်းရေးသားထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲအား မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း မပြုကြရန်အတွက် အလေးအနက် အကြံပြု တိုက်တွန်းလိုက်ကြောင့် သိရသည်။
PPV0013
#အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
#အမျိုးသားညီညွတ်ရေးအစိုးရ
#ရွေးကောက်ပွဲ
#လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာများ
#နိုင်ငံရေးပါတီများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7