ခမ်းသားငေါဝ်း
မေလ ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/1AYuu7xFNX/

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် မေလ ၁၁ ရက်က ရှမ်းပြည် နယ်အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ (၄)မှ ပြည်သူများက ဘိလပ်မြေအိတ်များပေးလှူခဲ့ကြောင်း သိရသည်။

ကုန်တင် မော်တော်ယာဥ်ကြီးများဖြင့် အဆင့်မြင့် ဘိလပ်မြေအိတ်များကို သယ်ဆောင်လာပြီး အင်းလေးဒေသရှိ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးကော်မတီထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဘိလပ်မြေတွေက အင်းလေးမှာ ရှိတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက်ပါ။ စုစုပေါင်း တန်ဖိုးငွေက ကျပ်သိန်းပေါင်း ၁၄၀ ကျော် ရှိပါတယ်။ မိုင်းလားက တိုင်းရင်းသား ပြည်သူတွေ စုပေါင်းပြီး လှူတာပါ။ ” ဟု အလှူရှင် တစ်ဦးက ပြောသည်။

အဆိုပါ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ (၄) မှ တိုင်းရင်းသား ပြည်သူများသည် မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက်လည်း လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ကုန်တင်မော်တော်ယာဥ်များဖြင့် ဆက်လက် ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

#ppv002
#မိုင်းလားပြည်သူ
#humantarian
#အင်းလေး
#ဘိလပ်မြေ
#ငလျင်ဒဏ်သင့်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed