ခမ်းသားငေါဝ်း
မေလ ၁၁၊၂၀၂၅

တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် မေလ ၅ ရက်နေ့ညက ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရပ်ကွက်(၁၁)၊ နယ်မြေ(၇၆)တွင် တာဝန်သိပြည်သူသတင်းပေးချက်အရ စစ်ကောင်စီ ရဲတပ်ဖွဲက သန်းထွေးအောင်၏နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ ကြောင်း စစ်ကောင်စီလက်အောက် CCDAC MYANMAR က မေလ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

သန်းထွေးအောင်(ခ)ခေါကြီး၊ မချောချောဦး(ခ)မစု နှင့် အောင်နိုင်ထွန်းဦးတို့ ၃ ဦးကို ဆာလာအိတ် ၁၇၅ အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေး နယ်မြေကို ပို့ဆောင်သည့်မူးယစ်ဆေးဝါးများက ဖမ်းဆီးခြင်းမရှိပဲခွင့်ပြုထားကြောင်းသတင်းရင်းမြစ်ကဆိုသည်။

“ပင်လောင်းဘက်မှာဆိုရင် ကရင်နီဘက်ကိုသယ်သွားမယ်ဆို စစ်ကောင်စီ ဂိတ်တွေကလွတ်ပေးတယ်၊ မဖမ်းဘူး တော်လှန်ရေး သမားတွေ မူးယစ်ဆေးစွဲစေချင်လို့တမင်လွတ်တာ။ ရှမ်းပြည် ဘက်ကိုသယ်လာရင်တော့ဖမ်းတယ်။” ဟုသတင်းရင်းမြစ်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပေါပေါသီသီပြန့်နှံ့လာပြီး လူမှုဝန်းကျင်တွင်မူးယစ်ဆေးဝါး သုံးစွဲသူအလွန်များလာကြောင်းသိရသည်။

မူးယစ်ဆေးဝါး နှင်အတူဖမ်းမိသူကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းစစ်ကောင်စီလက်အောက် CCDAC MYANMAR မှ ဖော်ပြထားသည်။

#ppv002
#မူးယစ်ဆေးဝါး
#အေးသာယာ
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။