ခမ်းသားငေါဝ်း
မေလ ၁၀၊ ၂၀၂၅

အကျပ်တည်းကြားမှရုန်းကန်နေရသည့် လွတ်လပ်သည့်သတင်းမီဒီယာခေါင်းစဉ်ဖြင့် နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို နိုင်ငံတကာမြန်မာသတင်း BNI မှ မြန်မာနိုင်ငံ ပြင်ပတနေရာတွင် ကျင်းပခဲ့ကြောင်းသိရသည်။

သတင်းမီဒီယာများ ရေရှည်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာကူညီထောက်ပံ့မှုများအပြင် သတင်းမီဒီယာ တခုချင်းစီက နည်းလမ်းများရှာဖွေကြိုးစားရန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

‘’ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ က မီဒီယာတွေသက်ဆိုင်ရာအိမ်နီးချင်းတွေ ရှိတဲ့အရပ်ဒေသတွေမှာ ရုန်းကန် ရပ်တည်ရတယ်၊ မီဒီယာလုပ်ငန်းတွေ ရှေ့ဆက်ရေရှည်သွားဖို့ အခက်ခဲရှိတယ်၊ ခုလည်းထပ်ကြုံရတာမို့ ဒီဟာကို အဖြေရှာနိုင်ဖို့အတွက် နဝမအကြိမ်မြောက် မီဒီယာညီလာခံကို ကျင်းပဖို့ ရည်ရွယ်တာဖြစ်တယ်” ဟု တိုင်းရင်းမီဒီယာညီလာခံ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် နန်းဖောဂေ ကခမ်းသားငေါဝ်းကိုပြောသည်။

နဝမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို မေလ ၅ ရက်နေ့မှ ၇ ရကအထိ သုံးရက်တိုင်ကျင်းပခဲ့ကြောင်းသိရသည်။

‘’၂၀၂၅ ခုနှစ်မှာ နိုင်ငံရေးအရကော၊ ဘဏ္ဍာရေးအရ ရံပုံငွေလည်းခက်ခဲကျပ်တည်းလာတယ် လွတ်လပ်တဲ့သတင်းမီဒီယာ၊ သတင်းသမားတချို့လည်းရပ်သွားရတာရှိတယ်၊ ယာယီရပ်တာမျိုးပဲဖြစ်စေချင်တယ်၊ အပြန်အလှန်ချိတ်ဆက်မှုအားဖြင့် နည်းလမ်းရှာပြီး ကိုယ့်ရဲ့မီဒီယာ ကိုယ့်ရဲ့သတင်းပရိတ်သတ်ကို သတင်းဝန်ဆောင်မှုအတွက်ကို ခံနိုင်ရည်ရှိရှိနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွင်းချင်တယ်” ဟု နန်းဖောဂေက ဆက်ပြောသည်။

ညီလာခံတွင် မြန်မာနိုင်ငံအတွင်း ဖြစ်တည်နေသည့် ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ရှုပ်ထွေးမှုအခြေအနေများ၊ နိုင်ငံရေးရှုပ်ထွေးမှုများကြားက သတင်းတင်ဆက်ထုတ်လွှင့်မှုအခြေအနေများနှင့် အနာဂတ်အုပ်ချုပ်ရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

နဝမအကြိမ် တိုင်းရင်းမီဒီယာညီလာခံတွင် လွတ်လပ်သည့်မြန်မာသတင်းမီဒီယာများ၊ သတင်းသမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံသမာန်အချို့နှင့် မီဒီယာပံ့ပိုးသည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

#ppv002
#တိုင်းရင်းမီဒီယာ
#ညီလာခံ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။