ခမ်းသားငေါဝ်း
မေလ ၁၀၊ ၂၀၂၅

https://www.facebook.com/share/p/16Lv1JJ6yC/

ယခုနှစ်အင်းလေးဘုရားပွဲတော် ပြန်လည်ကျင်းပနိုင်ရန်အတွက် ငလျင်သင့် အင်းလေးဖောင်တော်ဦးဘုရားရင်ပြင်ကို အချိန်မီပြန်လည် ပြုပြင်နေကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြိုနယ်၊ အင်းလေးဒေသတွင် အင်အားပြင်း စစ်ကိုင်းငလျင်ကြီးဒဏ်သင့်ခဲ့သည့် အင်းလေးဖောင်တော်ဦးစေတီနှင့် အဆောက်အဦများကို အင်းလေးဖောင်တော်ဦးပွဲတော်အမီ ပြုပြင်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ဒီတစ်နှစ်မှာတော့ အင်းလေး ဖောင်တော်ဦး ဘုရား ဒေသစာရီ ပွဲတော်ကို ပြန်လည် ကျင်းပနိုင်ဖို့ အတွက် သက်ဆိုင်ရာ ကတော့ အရှိန်အဟုန် မြင့်ဆောင်ရွက်နေပါတယ်။” ဟု ဖောင်တော်ဦး ကျောင်းဆောင်အနီး စျေးသည် တစ်ဦးကဆိုသည်။

အင်းလေးကန် ၊ ဖောင်တော်ဦးဘုရား ရင်ပြင်တော် ပြုပြင်ခြင်းလုပ်ငန်း၊ ပင်မကျောင်းဆောင်တော် ပြင်ဆင်ခြင်း လုပ်ငန်းနှင့် ၊ ဖောင်တော်ဦးဘုရားကိန်းဝပ်ရာ စံကျောင်းတော်ကြီး တို့ကိုအားချင်း ပြင်ဆင်နေပြီး ၊ အင်္ဂတေတိုင်များဖြင့် ပြန်လည် ပြင်ဆင်တည်ဆောက်နေကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် အင်အားပြင်းစစ်ကိုင်း ငလျင်ဒဏ်ကြောင့် အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်တော်များကွဲအက်ခြင်း၊ ပင်မကျောင်းဆောင် အက်ကွဲခြင်းများ ဖြစ်ပေါ် သဖြင့် ဘုရားဖူးခွင့် ယာယီ ပိတ်သိမ်း၍ ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ရက်ပေါင်း အရှည်ကြာဆုံးပွဲတော်တစ်ခုဖြစ်သော ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ပွားတော် ၄ ဆူ ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်နေ့အထိ၊ ၁၈ ရက်တိုင်တိုင် အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီလှည့်လည် အပူဇော်ခံလေ့ရှိခြင်းဖြစ်သည်။

သို့သော် ကိုဗစ် ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် ၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ် တို့တွင် ရိုးရာပွဲတော် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ ကြောင်း သိရသည်။

#PPV-006
#ဖော်တော်ဦးဘုရား
#ငလျင်ဒဏ်သင့်
#အင်းလေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။