ခမ်းသားငေါဝ်း
မေ ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/1Kxx4SM8DU/

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ထီးခီး ဒေသ အတွင်းရှိ ထီးထာဗျူဟာစခန်းအား အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း KNU-ဗဟိုမှသတင်းထုတ်ပြန်ထားသည်၊၊

ထီးခီးဗျူဟာစခန်းအား မေလ (၉) ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များမှ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထီးခီးဒေသတွင် မြိတ်−ထားဝယ်ခရိုင်၏ ခရိုင် ဌာနချုပ်နှင့် တပ်မဟာဌာနချုပ် တည်ဆောက်ရန် ၁၉၇၄ ခုနှစ်တွင် စတင်စီစဉ်ခဲ့၍ ၁၉၇၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ထီးခီးဒေသတွင် ခရိုင် ဌာနချုပ်နှင့် တပ်မဟာ ဌာနချုပ် ရုံးများတည်ရှိပြီး ထီးထာ၌ ခရိုင် ဌာနချုပ်နှင့် တပ်မဟာဌာနချုပ် တွင် တာဝန်ထမ်းဆောင်နေသော ရုံးအဖွဲ့ဝင်များ၏ မိသားစုဝင်များ နေထိုင်ခဲ့ကြသည်။

၁၉၉၇ ခုနှစ်အရောက်တွင် မြန်မာ့တပ်မတော် တပ်မ (၅၅) နှင့် တပ်မ (၆၆) ဦးဆောင်သော တပ်ရင်း (၂၀) ခန့်မှ မေဂျာအော်ပရေးရှင်း အနေဖြင့် ထီးခီးဒေသအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ၁၉၉၇ ခုနှစ်တွင် ထီးခီးဒေသအား လက်လွှတ်ခဲ့ရကြောင်းဆိုထားသည်။

လက်ရှိအချိန်တွင် မိမိတို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် မိမိတို့ လက်လွှတ်ခဲ့ရသော ထီးခီးဒေသအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတွင်း ပြည်သူလူထုများ၏ အသက်အိုးအိမ်များကာကွယ်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။

PPV001
ပုံ-KNU
#KNU
#KNLA
#KNDO
#ကေအဲန်ယူ
#ကရင်အမျိုးသားအစည်းအရုံး
#ကော်သူးလေအုပ်ချုပ်နယ်မြေ
#မြိတ်−ထားဝယ်ခရိုင်
#ထီးခီးဒေသ
#ထီးထာဗျူဟာစခန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7