ခမ်းသားငေါဝ်း
မေလ ၁၁၊၂၀၂၅
https://www.facebook.com/share/p/19F8CATvgd/
တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ဖယ်ခုံ PDF 1002 တပ်ရင်းမှ ရဲဘော် ၁၆ ဦးကျဆုံးခဲ့ပြီး ၁၇ ဦး ကိုယ်လက်အင်္ဂါ စွန့်လွတ်ပေးဆပ်ခဲ့ရကြောင်း တပ်ရင်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားတွင်ထုတ်ပြန်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ MOD လက်အောက် ခံ၊ ဖယ်ခုံ PDF- 1002 တပ်ရင်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို မေလ ၇ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရ သည်။
” ကျဆုံးသွားသော ကျွန်တော်တို့ရဲဘော်တွေလည်း ကျွန်တော်တို့ရင်ထဲမှာရော ပြည်သူတွေရဲ့ရင်ထဲမှာရောထာ၀ရရှင်သန်နေမှာပါ၊ ပြည်သူများ အနေနှင့်လည်း ကျွန်တော်တို့နဲ့အတူ ဆက်လက်၀န်းရံပြီး အာဏာရှင်ကို အပြီးတိုင်ချေ မှုန်းသွားဖို့ လက်တွဲ ခေါ်ပါတယ်” ဟု ဖယ်ခုံ PDF 1002 တပ်ရင်းတာ၀န်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ဖယ်ခုံ PDF 1002 တပ်ရင်းအနေဖြင့် စိန်ခေါ်မှုအခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရကြောင်းသိရသည်။
” တော်လှန်ရေးကာလအတွင်းမှာ လက်နက်ခဲယမ်းမလုံလောက်မှုတွေ ၊ သွေးခွဲသွေးထိုးစေတဲ့ နိုင်ငံရေး သမားတို့ရဲ့ လှည့်ကွက်တွေကို ကျော်ဖြတ်ခဲ့ရတယ်၊ အခုအခြေ အနေမှာဆို ကရင်နီပြည်၊ ကယန်းပြည် ဆိုပြီးဖြစ်နေတာတွေပေါ့၊ ကျွန်တော်တို့ကတော့ရှင်းပါတယ်၊ MOD လက်အောက်က PDF ဖြစ်တာမို့ NUG အစိုးရရဲ့ဆုံးဖြတ်ချက်အတိုင်းသွားမှာပါဟု ” ၎င်းကဆက်ပြောသည်။
တပ်ဖွဲ့စတင်တည်ထောင်ချိန်တွင် ၂၃ ဦးဖြင့် စတင်ခဲ့ပြီး၊ လေထိုးသေနတ် နှင့် ပွိုင့် ၂ သေနတ် ၁ လက်သာရှိခဲ့ကြောင်း၊ စစ်သင်တန်းတက်ရန်လည်း တိုင်းရင်းသားလက်နက်ကိုင် EAO များဆီ ချိတ်ဆက် ပြီးသွားခဲ့ရကြောင်း၊ ပြည်သူများ၏ ကူညီပံ့ပိုးမှုများကြောင့် ရဲဘော်အများစုကို မောင်းပြန် သေနတ်တပ်ဆင်ပေးနိုင်ခဲ့ပြီး ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ဖယ်ခုံPDF ရဲဘော်များသည် စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ ဆက်လက်ပြီးချေမှုန်းသွားမည် ဟု ထုတ်ပြန်ထားသည်။
#PPV 003
#နိုင်ငံရေး
#တပ်တည်ထောင်ခြင်း
#ဖယ်ခုံPDF
#တော်လှန်ရေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။