ခမ်းသားငေါဝ်း
မေလ ၁၀၊ ၂၀၂၅
https://www.facebook.com/share/v/1DMUKufxGt/
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွေမြို့နယ်၊ စန့်စွဲကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီ နှင့် လက် အောက်ခံ PNO ပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးနေကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့က အင်အား ၂၀၀ ၀န်းကျင်ခန့်ဖြင့် စစ်ကောင်စီ နှင့် PNOပြည်သူ့စစ် တို့ ညောင်ရွေမြို့နယ်၊ စန့်စွဲကြေးရွာကို စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က စစ်ကြောင်းထိုးလာသော ၄ ရက်လုံး အဆက်မပြတ်မီးရှို့နေခဲ့ပြီး မေလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စပြီး စန့်စွဲ ကျေးရွာရှိ အိမ်ခြေအလုံး ၂၀ နီးပါးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
” သူတို့စစ်ကြောင်းထိုးလာကတည်းက မီးတွေရှို့နေတာ၊ ပြီးလက်နက်ကြီးတွေလည်းဆက်တိုက်ပစ်နေတာ၊ ရှေ့ရက်ကဆို လေယာဉ်နဲ့ လာကြဲတယ်၊ တိုက်ပွဲကတော့ပြင်းထန်နေဆဲပဲ ဟု” တော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့သည် အများပြည်သူနေထိုင်ရာကျေးရွာများသို့ ဦးတည်ကာ လက်နက်ကြီးများပစ်ခတ်နေသောကြောင့် ထိခိုက်ဒဏ်ရာရမှုများရှိနေကြောင်းသိရသည်။
တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ နှင့် PNO ၏ဒရုန်း ၂ စင်းကို ပစ်ချနိုင်ခဲ့ပြီး ဖယ်ခုံ PDF အမှတ် ၁၀၀၆ တပ်မှ ရဲဘော် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖယ်ခုံ PDF အမှတ် ၁၀၀၆ ကထုတ်ပြန်ထားသည်။
#PPV003,011
#တိုက်ပွဲ
#စန်စွဲ
#ညောင်ရွှေ
#နေအိမ်မီးရှို့
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။