ခမ်းသားငေါဝ်း
မေလ ၉၊ ၂၀၂၅

https://www.facebook.com/share/p/1DQw9MmNGP/

သီပေါမြို့နယ်အတွင်း MNDAAနှင့် SSPP/SSAတို့ နယ်မြေအငြင်းပွားမှု ကိစ္စနှင့် ပတ်သက်ပြီး စစ်ရေးတင်းမာမှု အခြေအနေရှိနေသဖြင့် ဒေသခံများ တိုက်ပွဲ ဖြစ်လာလျှင် ကြိုတင်‌ရှောင်ရှားနိုင်ရန် ပြင်ဆင်မှု လုပ်ဆောင်ကြရန် SSPP/SSAမှ သတိပေးထားကြောင်း မေလ(၉)ရက်က စုံစမ်းသိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ကြား နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး ဧပြီလကုန်ပိုင်းက ခေါင်းဆောင်ပိုင်းတို့ တွေ့ဆုံဆွေးနွေးညှိနှိုင်း ဖြေရှင်းမှု မအောင်မြင်ကြောင်း သိရသည်။

“နှစ်ဖက် ဆွေးနွေးမှုက အောင်မြင်မှု မရသေးဘူးလို့ သိရတယ်။ အဲ့တာကြောင့် အခု ဒီသီပေါမြို့နယ်အတွင်း SSPP စခန်းရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်လာဖွယ် ရှိတယ်လို့ပြောတယ်။ အဲ့တာကြောင့် အဲ့နားရှိကျေးရွာတွင် ကြိုတင်ပြင်ဆင်မှု လုပ်ထားကြဖို့၊ ကားတွေ ရွေ့လို့ရတဲ့အရာတွင်ဆို ကြိုတင် ရွေ့ပြောင်းထားကြဖို့ SSPPဖက်က မှာကြားထားတယ်လို့ သိရတယ်။ အဲ့ဖက်ရွာတွင်ကလည်း တကယ်အတွင်းထဲကလို ဖြစ်နေတာ။ ပြီးတော့ ကိုးကန့်တပ်ဖက်ကလည်း အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေကြတယ် ပြောတယ်”ဟု ဖြစ်စဉ် သိရှိသည့် ဒေသခံ(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

MNDAAနှင့် SSPP/SSA ဆွေးနွေးမှုသည် ကိုးကန့်တပ်မှ လားရှိုးမြို့နယ် နမ့်ပေါင်မှ မူဆယ်အထိ တပ်ဆုတ်ပေးဖို့ တောင်းဆိုကြောင်း၊ ထို့အတူ SSPP/SSAမှ သီပေါမြို့နယ် ဟန်နား၊ နမ္မစသည့် ဒေသမှ MNDAA ဆုတ်ပေးဖို့ နွေးဆွေးကြောင်း ဆွေးနွေးညှိနှိုင်းမှုမှာ အဆင်မပြေ‌ကြောင်း ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလကုန်(၃၀)ရက်နေ့က MNDAAနှင့် SSPP/SSAတို့ကြား စစ်ရေးတင်းမာမှုနှင့် ပတ်သက်ပြီး SSPP/SSAမှ သတင်းထုတ်ပြန်ထားခဲ့သည်ကို တွေ့ရသည်။

ထုတ်ပြန်ချက်ထဲတွင် (၁၀၂၇)စစ်ဆင်ရေး ဒုတိယလှိုင်းမှ စပြီး ကိုးကန့်တပ်အနေဖြင့် SSPPအုပ်ချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်ဖြတ်သန်းလာပြီး MNDAA အောက်ခြေတပ်ဖွဲ့များနှင့် SSPP အောက်ခြေတပ်ဖွဲ့တို့ကြား ဘာသာစကားပေါက်ကြားမှု အားနည်းခြင်း၊ MNDAA ဗဟိုမှ တရားဝင် အကြောင်းကြားမှု အားနည်းခြင်းကြောင့် ဧပြီလ (၂၈)ရက်(၂၉)ရက်မှာ ထိပ်တိုက်ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဧပြီလ (၂၈)ရက်၊ (၂၉)ရက်အတွင်း SSPP/SSAနှင့် MNDJP/MNDAAတို့ကြား စစ်ရေး ထိတွေ့မှု (၈)နေရာ၊ နှစ်ဖက်တပ်များ ရုန်းရင်းဆန်ခတ်ထိုးကြိတ်ရိုက်နက် ဖမ်းဆီးမှု(၂၄)နေရာ ရှိခဲ့ပြီး နှစ်ဖက်ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် နှစ်ဖက်စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုနှင့် ပတ်သက်ပြီး နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း SSPP/SSAမှ ထုတ်ပြန်ထားခဲ့သည်။

ထို့နောက် ဆွေးနွေးညှိနှိုင်းမှုနှင့် ပတ်သက်ပြီး ရလဒ်ကို နှစ်ဖက်တပ်ဖွဲ့မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားသည်ကို ယနေ့ထိ မတွေ့ရ‌သေးပါ။

#PPV0011
#စစ်ရေး
#SSPP
#MNDAA
#သီပေါ၊

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။