ခမ်းသားငေါဝ်း
မေလ ၉၊ ၂၀၂၅

https://www.facebook.com/share/p/1DQ4cP75W7/

ဘော်ဆိုင်းမြို့ ကံသာမူလတန်းကျောင်းအတွင်းရှိ ဘောလုံးကွင်းကို ကျောင်းအုပ်ဆရာမကြီးက တောင်သူတစ်ဦးသို့အငှားချပြီး ထွန်ယက်စိုက်ပျိုးရန် ပြင်ဆင်နေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ဘော်ဆိုင်းမြို့၊ကံသာမူလတန်းကျောင်း ဘောလုံးကွင်းကိုကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်သန္တာအောင်မှ တောင်သူတစ်ဦးသို့ မြေငှားရမ်းခဲ့၍ မေလ၅ရက်နေ့က ထွန်ယက်ကာ စိုက်ပျိုးရေးလုပ်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။

“ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စပါဗျ။ဘောလုံးကွင်းကို ငွေရဖို့အတွက် မြေအငှားချတယ်ဆိုတာ အင်မတန်အောက်တန်းကျတဲ့လုပ်ရပ်ပဲဗျအဲဘောလုံးကွင်းကအရင်ဆိုရင် ကံဦး/ကံသာ လူငယ်တွေညနေဖက်အမြဲဘောလုံးကန်နေတာ ။သူကျောင်းအုပ်တာဝန်ယူပြီးတော့ ဘယ်ရွာသားမှဘောလုံးကန်လို့မရတော့ဘူးအဆိုးဆုံးကကျောင်းသားတွေဘယ်နားအားကစားလုပ်မလည်းဘယ်လိုလုပ်ပြီးကျောင်းအုပ်ဖြစ်လာလည်းမသိပါဘူး ပညာရေးမှူးတွေကျောင်းအုပ်ကိုထိရောက်စွာအရေးယူစေချင်ပါတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လူငယ်များ အဓိက အာကစားလုပ်သော ဘောလုံးကွင်းသည် တောင်သူကိုငှားရမ်းခြင်းက ဒေသခံနှင့် ကျောင်းသူကျောင်းသာများက ကန့်ကွက်သော်လည်း မရကြောင်းပြောသည်။

“ခုလိုလုပ်တာကကျောင်းရန်ပုံငွေအတွက်လည်းမဟုတ်ဘူး။သူ့ကိုယ်ကျိူးသူလုပ်နေတာ။သူ့သဘောနင့်သူလုပ်နေတာ ကြိုက်တဲ့နေရာတိုင်လို့ရတယ်ဂရုစိုက်ဘူးတဲ့”ဟု ၄င်းကဆက်ပြောသည်။

ကံသာရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ကျောင်းသူ ကျောင်းသားပေါင်း၆၀ကျော် ပညာတက်ရောက်ဆည်းပူးနေကြောင်းသိရသည်။

#PPV005
#ပညာရေး
#ဘော်ဆိုင်း
#ကျောင်းမြေအငှားချ
#ဘော်လုံးကွင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။