ခမ်းသားငေါဝ်း
မေလ ၈၊ ၂၀၂၅

https://www.facebook.com/share/p/1DWdhreUam/

ပြောင်းမျိုးစေ့နှင့် ဓာတ်မြေဩဇာ ဈေးနှုန်း အဆမ တန်မြှင့်တက်လာမှုကြောင့်ယခုနှစ် ရှမ်းတောင် ပြောင်းစိုက်တောင်သူများ နည်းပါးလာကြောင်း မေလ(၈)ရက်နေ့မှာ စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်း‌နောင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူအများစုသည် ယခင်နှစ် ပြောင်းစိုက်ချိန် ရေလွမ်းမိုးမှုကြုံရပြီး အရင်းမရရှိသည့်အပြင် ယခုနှစ် ပြောင်းထပ်စိုက်ရန် ဈေးအဆမတန် မြှင့်တက်မှုကြောင့် အခက်တွေ့နေရ ကြောင်း ဒေသခံထံမှ သိရသည်။

“ပြန်စိုက်ဖို့ အရင်းတောင် မရှိကြတော့ဘူး။ ပြောင်းမျိုးစေ့က ဈေးကျတာမရှိတဲ့အပြင် မြှင့်သထက်မြှင့်တက်လာတော့ အဆင်မပြေဘူး။ ထားပါတော့ ကြိုတင်ပြီး ပြောင်းမျိုးစေ့ အထုတ်သေး(၁)ထုတ်ယူစိုက်ရင်တောင် ထွက်လာတဲ့ခါ ပြောင်း(၆)အိတ်ပေးရတယ်။ ဓာတ်မြေဩဇာဆိုလည်း ဒီတိုင်းပဲ။ ကြားထဲ အရင်နှစ်လို သဘာဝဘေးတွေနဲ့ ပြန်ကြုံရရင် အရင်းပြန်ပေးနိုင်ဖို့တောင် မလွယ်ကူဘူး”ဟု ပြောင်းစိုက် တောင်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

၂၀၂၄ ခုနှစ်တွင် ပြောင်းမျိုးစေ့ 808 အမျိုးအစား အထုတ်သေး တစ်ထုတ်ကို (၁)သိန်းနှစ်သောင်းရှိရာမှ ယခုနှစ်တွင် (၁)သိန်း(၈)သောင်း (၂)သိန်းနီးပါး ရှိကြောင်းသိရသည်။

ထို့အပြင် ဓာတ်မြေဇာ‌ဈေးနှုန်းလည်း ယခင်နှစ် (၁)သိန်း(၁)သောင်းမှ ယခုနှစ် (၁)သိန်း(၃)သောင်းအထိ ဈေးမြှင့်တက်လာကြောင်း သိရသည်။

ပြောင်းမျိုးစေ့နှင့် ဓာတ်မြေဩဇာ ဈေးမြှင့်တက်မှုကြောင့် ပြောင်းမစိုက်နိုင်တော့ဘဲ အခြားဒေသသို့ သွားရောက် နေ့စားအလုပ်လုပ်ကိုင်သူ များပြားလာကြောင်း သိရသည်။

တောင်သူအမျိုးသမီးလည်း”ကျွန်မတို့ဆို မလုပ်နိုင်တော့ဘူး။ အစစအရာရာ ကုန်ဈေးနှုန်းက မြှင့်သထက်မြင့်လာတော့ တောင်ယာလုပ်ငန်းလုပ်တဲ့ သားသမီးအကုန် အခြား “ဝ”ပြည်သို့ သွားရောက် အလုပ်လုပ်ဖို့ လွတ်လိုက်ပြီ။ စိုက်ထုတ်ဖို့ အရင်းလည်း မတတ်နိုင်တော့တာကြောင့်ပါ။ ကျွန်မတို့ပဲ မဟုတ်ဘူး ဒီဖက်က ပြောင်းစိုက်သူ အခုနှစ် မစိုက်ကြတော့တဲ့သူ များတယ်။ စိုက်တဲ့သူတွေလည်း လျော့ပြီး စိုက်ကြတော့တာ”ဟု ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်တို့မှာ ယခုချိန် ပြောင်းဝယ်ဈေး (၁)ပိဿာ (၄)ထောင်ကျပ်ရှိကြောင်း သိရသည်။

photo online

#PPV011
#စိုက်ပျိုးရေး
#မိုင်းနောင်
#ကျေးသီး
#ရှမ်းတောင်
#ပြောင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။