ခမ်းသားငေါဝ်း
မေလ ၉၊ ၂၀၂၅
https://www.facebook.com/share/p/1XUwmQGT31/
နောင်ချိုမြို့ကို စစ်ကောင်စီမှ မေလ(၈)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က လေကြောင်းနှင့် လက်နက် ကြီး တိုက်ခိုက်မှုကြောင့် အသက်(၅)နှစ် ကလေးအပါ (၄)ဦးသေဆုံး အများအပြားဒဏ်ရာရခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တအောင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာတွင် စစ်ကောင်စီမှ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်(၅)နှစ်ကလေးငယ် အပါအဝင် (၄)ဦး သေဆုံးကာ (၇)ဦး ထိခိုက်ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်ချက် အရသိရသည်။
စစ်ကောင်စီတပ်မှ PSLF/TNLAတည်ရှိရာ နောင်ချိုမြို့နယ်၊ သရက်ချိုရွာအနီးတဝိုက်ကို ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားရာ သရက်ချိုရွာတွင် စစ်ကောင်စီတပ် အမတ(၉၀၂)မှ နံနက်ပိုင်း (၉)နာရီကျော်အချိန်တွင် ဒရုန်းဖြင့် ဗုံး(၂)လုံးနှင့် လက်နက်ကြီးဖြင့် (၁၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မေလ(၈)ရက်တရက်တည်း၌ နောင်ချိုမြို့နယ် ယာပြင်ကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး အမတ(၉၀၂)မှ နေ့လည် (၁၂)နာရီ(၄၈) မိနစ်အချိန် ဒရုန်းဖြင့် (၂)လုံး လက်နက်ကြီး(၂)ကြိမ် ယာပြင်ကျေးရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ထိုရက် ညနေ(၄)နာရီ (၁၇)မိနစ်မှာ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး(၈)လုံး၊ အဆိပ်ငွေ့ဗုံး(၅)လုံး၊ လက်နက်ကြီးဖြင့် (၃၁)ကြိမ် ဖြင့် နောင်လင်ကျေးရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် တဲခေါ်ရွာမှနေ၍ နံနက်(၁၁) နာရီ (၃၆)မိနစ်မှာ TNLAထိန်းချုပ်ထားသော အုမ္မတီးကျေးရွာသို့ ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး(၁)လုံးဖြင့် တိုက်ခိုက်သည့်အပြင် တောင်လှကျေးရွာမှာလည်း လက်နက်ကြီးဖြင့် (၁၈)ကြိမ်၊ အဆိပ်ငွေ့ဗုံး(၆)ကြိမ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဖော်ပြထားသည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ငလျင်ဘေးနှင့် လူသားချင်း စာနာထောက်ထားရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်နိုင်ရန် ထိုးစစ်များပြုလုပ်မည် မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလ(၁)လ ထပ်တိုးကြောင်း မေလ(၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုနည်းတူ စစ်ကောင်စီမှလည်း အပစ်ရပ်ကာလ (၁)လ ထပ်တိုးကြောင်း ကြေညာထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ရာ နေရာဒေသများတွင် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု မကြာခဏ ပြုလုပ်နေသည်ကို တွေ့ရသည်။
#PPV0011
#တိုက်ပွဲ
#ရှမ်းမြောက်
#TNLA
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။