ခမ်းသားငေါဝ်း
မေလ၉ ၊ ၂၀၂၅

https://www.facebook.com/share/p/12MCf1E7uYc/

အင်အားပြင်းငလျင်ကြောင့် လွယ်မောင်းရွာရှိ ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးသွားပြီးနေထိုင်၍မသင့်တော့ဘဲ ဖြိုချလိုက်ရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့အရှေ့ဖက် ၊ထီဖောင်းကျေးရွာအုပ်စု၊ လွယ်မောင်းဘုန်ကြီးကျောင်းသည် ငလျင်ဒဏ်ကြောင့် အက်ကွဲပြီး ထိခိုက်မှု များသဖြင့် မေလ ၈ ရက်နေ့စပြီး စတင်ဖြိုချခဲ့ရကြောင်းသိရသည်။

“သဘာဝဘေးဆိုတော့ ပြောမရဘူး။ ငယ်ငယ်ကတည်းက ကိုယ်တွေ ကုသိုလ်တက်ယူနေတဲ့ကျောင်းဆိုတော့နှမြောတယ်။ဘုန်ကြီးကျောင်းကလည်း ကြာနေပြီ။ခုတော့ တာဝန်ရှိသူတွေက ဖြိုရမယ် နေထိုင်လို့မသင့်ဘူးသတ်မှတ်ပြီး ဖြိုချတာပါ။ဖြိုပြီးရင် အသစ်ချက်ချင်းပြန်ဆောက်မှာပါ”ဟု ရွာခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

လွယ်မောင်းဘုန်းကြီးကျောင်းသည် ယခုဖြိုပြီးလျှင်အသစ်ပြန်လည်တည်ရန်အတွက်လည်း မည်သူမဆို ပါဝင်လှုဒါန်းကုသိုလ်ယူနိုင်ကြောင့် ၄င်းကဆက်ပြောသည်။

ငလျင်လှုပ်ခတ်ချိန်တွင် လွယ်မောင်းရွာဘုန်ကြီးကျောင်း ထိခိုက်ပျက်စီးသည့်အပြင် ဆွမ်းစားဆောင်၊မီးဖိုဆောင်လည်းပျက်စီးခဲ့ရကြောင်းသိရသည်။

မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင် ငလျင်ဒဏ်ကြောင့်ပင်လောင်းတွင် ပြည်သူနေအိမ် ၇၀၀ ကျော်ပျက်စီးသွားပြီး ကလေးနှစ်ဦးအပါ အဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း ပအိုဝ်းလူငယ်အစည်း အရုံးPYOထုတ်ပြန်ချက်အရ သိရသည်။

ပုံ-အွန်လိုင်း

#PPV005
#သဘာဝဘေး
#ငလျင်
#လွယ်မောင်း
#ဘုန်းကြီးကျောင်း
#ပင်လောင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။