ခမ်းသားငေါဝ်း
မေလ ၈၊ ၂၀၂၅

https://www.facebook.com/share/p/18jgkqwcf9/

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့များ စတင်ဖွဲ့စည်းချိန်မှ စ၍ တပ်ရင်းထောက်ပံ့စရိတ်အဖြစ် ၂၇ ကြိမ်ပေးပို့ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုထောက်ပံ့ငွေများကို နိုင်ငံတစ်ဝှမ်းတွင်ဖွဲ့စည်းထားရှိသည့် PDF တပ်ရင်း၊တပ်ဖွဲ့ ၃၀၀ ကျော်ကို ထောက်ပံ့ခဲ့ပြီး ယခုပေးပို့ပြီးစီးခဲ့သည့် ၂၇ ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အဖြစ် အမေကန်ဒေါ်လာ ၀.၉ သန်းခန့်သုံးစွဲခဲ့ကြောင်းဖော်ပြထားသည်။

အဆိုပါတပ်ရင်းထောက်ပံ့စရိတ်များ၏ ၉၀ ရာခိုင်နှုန်းဖြစ်သည့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၂.၅ သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အစီအစဉ်၏ ၃၄ လတာအတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်စက်တင်ဘာလအထိ ကောက်ခံရရှိသည့် ဘဏ္ဍာငွေများမှ သုံးစွဲခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူလူထုများအနေဖြင့်လည်း တော်လှန်ရေး၏အရေးကြီးသောကာလအပိုင်းခြားသို့ရောက်ရှိနေပြီဖြစ်သောကြောင့် ပြည်သူ့တော်လှန်ရေးထာက်ပို့တပ် PRF နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာရှာဖွေရေးလုပ်ငန်းများတွင် တတ်အားသ၍ ပါ၀င်ကြရန် MOD ကတိုက်တွန်းထားသည်။

#PPV 003
#နိုင်ငံရေး
#NUG
#MOD
#PDF

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။