ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၅
https://www.facebook.com/share/p/1EVYoNXQvL/
ပအိုဝ်းလူငယ် အကယ်ဒမီ (PYA)မှ စစ်ကောင်စီတပ်ကို တော်လှန်ရန် ၊ ဒေသတွင်းစည်းလုံညီညွတ်မှု အားကောင်းစေရန် PNLO/PNLA တို့ နှင့် ပူးပေါင်းသွားမည်ဟု ယနေ့တွင် သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသအတွင်း ပအိုဝ်းလူငယ်များနှင့် ဖွဲ့စည်းထားရှိသည့် (PYA) သည် တော်လှန်ရေးအရှိန်အဟုန် ပိုမိုအားကောင်းစေရန် ၊ ဒေသတွင်း စည်းလုံးညီညွတ်စေရန် အတွက် PNLO/PNLA နှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်မည်ဟုဆိုသည်။
“ပအိုဝ်းလူငယ်တော်လှန်ရေးစပြီး တောခိုခဲ့စဉ်ထဲက PNLA မှာပဲ စစ်ရေး၊နိုင်ငံရေးကို အဲ့မှာပဲစတင်လေ့လာသင်ယူခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ လူငယ်တွေ တကွဲတပြားဖြစ်သွားခဲ့ရပြီး နွေဦးတော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍ မှာပါဝင်ခဲ့ကြတယ်”ဟု PYA မှတာဝန်ရှိသူက ခမ်းသားငေါဝ်းကိုပြောသည်။
ထို့ကြောင့် အာဏာရှင်ကို တော်လှန်ရာတွင် တစ်စုတစ်ဖွဲ့ထဲ လုပ်ဆောင်၍ မရကြောင်းနှင့် နဂိုမူလ အဖွဲ့ကို အင်းအား တောင့်တင်း ဖို့ရန်အတွက် လိုအပ်လာသဖြင့် အဖွဲ့များ စုစုစည်းစည်း လုပ်ဆောင်ရန် လိုအပ်လာကြောင်း ဆိုသည်။
“ကျွန်တော်တို့ ပအိုဝ်းလူငယ်တွေ အာဏာရှင်ကိုတော်လှန်တဲ့နေရာမှာ တစုတဖွဲ့ထဲလုပ်နေမဲ့အစား စုစုစည်းစည်းနဲ့ပူးပေါင်း လုပ်ဆောင်ဖို့လိုအပ်နေပြီ”ဟု ၎င်းကဆက်ပြောသည်။
ပအိုဝ်းလူငယ် အကယ်ဒမီ (PYA) အနေဖြင့် PNLO/PNLA တို့နှင့် ပူးပေါင်းပြီး အခြားတိုင်းရင်းသားညီနောင်မဟာမိတ် အဖွဲ့နှင့်အတူ အာဏာရှင်ကျဆုံးသည့် အထိ ရှေ့ဆက်လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။
ပအိုဝ်းလူငယ်များကို (PYA)မှ အာဏာရှင်ကိုတွန်းလှန်သည့် နေရာတွင် ကျရာ အခန်းကဏ္ဍ အသီးသီးကနေ ပူးပေါင်းပါဝင်ရန် အချိန်ကျရောက်နေပါပြီး ဟု ပြောကြားထားသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ – PNLOနှင့် ပူးပေါင်းလိုက်သည့် PYA သည်၂၀၂၄ ခုနှစ်၊ ဧပြီလ၂၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံ နှင့် မွမ်းမံများ သင်တန်းများ ပြီးမြောက်ခဲ့ပြီး Free Burma Ranger နှင့်တွဲဖက်၍ ရှေ့တန်း ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
PPV0013
ပုံ-အွန်လိုင်း
#စစ်ရေး
#ပအိုဝ်းလူငယ်အကယ်ဒမီ
#PYA
#တော်လှန်ရန်
#ဒေသတွင်းစည်းလုံညီညွတ်မှုအားကောင်းစေရန်
#PNLO/PNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7