ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၅

https://www.facebook.com/share/p/1ZG4wJQpfY/

မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဧပြီလ(၁)လအတွင်း သေဆုံးခဲ့ရသည့် အမျိုးသမီး (၇၁)ဦး ရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)မှ မေလ(၇)ရက် ယနေ့တွင် ထုတ်ပြန်သည်။

ဧပြီလအတွင်း မြန်မာနိုင်ငံတဝှမ်း အမျိုးသမီးသေဆုံးမှု မြှင့်တက်နေပြီး ဧပြီလ (၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ သေဆုံးသူ အမျိုးသမီးနှင့် မိန်းကလေးငယ် (၇၁)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၅၀)ဦး ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် ဧပြီလအတွင်းက အပစ်ရပ်ကြေညာထားသော်လည်း အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ လေကြောင်းတိုကခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

အမျိုးသမီးများ သေဆုံးခဲ့ရသည့် အကြောင်းအရင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၉)ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၇)ဦး၊ စစ်တပ်၏ သတ်ဖြတ်ခံရမှုကြောင့် (၅)ဦး ရှိကြောင်း ဖော်ပြထားသည်။

အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး (၇၁)ဦးထဲမှ (၁၃)ဦးသည် အသက်(၁၈)နှစ်အောက် မိန်းကလေးငယ်များ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသမီး (၄၀)ဦးရှိပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့်(၅)ဦး မြေမြှုပ်မိုင်းကြောင့် (၄)ဦးနှင့် အာရက္ခတပ်ဖွဲ့ဝင်မှ မုဒိမ်းပြုကျင့်ခြင်းကြောင့် (၁)ဦးတို့ စုစုပေါင်း ဒဏ်ရာရရှိသူ အမျိုးသမီး (၅၀)ဦး ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်ခြင်းကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီးသည် စစ်ကိုင်းတိုင်းတွင် (၃၀)ဦးဖြင့် အများဆုံး ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် (၁၄)ဦးဖြင့် ဒုတိယအများဆုံးနှင့် ပဲခူးတိုင်းတွင် (၅)တို့ဖြင့် တတိယအများဆုံး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် ငလျင်ကြောင့် ပြည်သူများ ပူဆွေး သောက ရောက်နေသည့် ပြည်သူများအား ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ ယခင်လထက် ပိုမိုအသုံးပြုနေကြောင်း ဖော်ပြထားသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသမီးအရေး
#မြန်မာနိုင်ငံတစ်ဝှမ်း
#လူ့အခွင့်အရေးချိုးဖောက်မှု
#သေဆုံးခဲ့ရသည့်အမျိုးသမီးများ
#မြန်မာ့အမျိုးသမီးသမဂ္ဂ
#BWU

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7