ခမ်းသားငေါဝ်း

မေ ၆ ၊ ၂၀၂၅

https://www.facebook.com/share/p/12JTQbEJVoU/

တအာင်းတပ်မတော် PSLF/TNLA မှ လာမည် ဩဂုတ်လတွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးအကြောင်းပေါ်မူတည်ပြီး အချက်(၃)ချက်ဖြင့် ဆက်လက်ဆွေးနွေးညှိနှုင်းမည်ဟု မေလ ၄ ရက်၌ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ရည်ရွယ်ချက်သုံးချက်နဲ့ ရပ်တည်ထားပါတယ် ပထမ တစ်ချက်တော့ ရောက်တဲ့နေရာကနေမှာ နှစ်ဖက်တပ် ရပ်ဖို့ ၊ ဒုတိယတစ်ချက်ကတော့ တိုက်ခိုက်မှုတွေ ရပ်စဲဖို့ပေါ့နော် လေကြောင်းနဲ့ရော ၊ဒရုန်းနဲ့ရော၊ လက်နက်ကြီးတွေနဲ့ရော အဲ့လို့တိုက်ခိုက်မှုတွေရပ်စဲဖို့ဖြစ်ပါတယ်၊ တတိယ အချက်မှာ လူထုတွေ သွားနိုင်ဖို့အတွက် လူထုတွေ စားဝတ်နေရေးဖြေရှင်းနိုင်ဖို့အတွက် လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ တောင်းဆို အဆိုပြုထားပါတယ်”ဟု တအာင်းအမျိုးသားတပ်မတော် TNLA မှတာဝန်ရှိသူကပြောသည်။

၎င်း ဆွေးနွေးမည် အချက်(၃)ချက်သည့် ပြီးခဲ့သည် ဖေဖော်ဝါရီလ ၁၆ ၊ ၁၇ ရက် နှစ်ရက်တာ စစ်ကောင်စီနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း နှစ်ဖက်တပ် ညှိနှိုင်းမရခဲ့ဘဲ ထပ်မံ၍ယင်းအချက်ပေါ်မူတည်၍ ဆက်လက် ဆွေးနွေးမည်ဟု သိရသည်။

“ဆွေးနွေးပွဲက ပျက်သွားတယ်လို့တော့ မဟုတ်ပါဘူး နှစ်ဖက်တပ်တွေ တင်ပြချက်တွေ အတည်ပြုချက်တွေ အပေါ်မှာ ညှိနှိုင်းသဘောတူညီချက် မရရှိသေးတဲ့ ကာလဘဲ ရှိသေးတဲ့အတွက် ဆက်လက် ပြီးမှာညှိနှိုင်းရမယ် ဆွေးနွေးရမယ် ဖြစ်ပါတယ်” ဟု TNLA ၏ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

တအာင်းတပ်မတော် PSLF/TNLAသည် စစ်ကောင်စီနှင့် ညှိနှိုင်းမှု မရရှိသည့် ကာလ အတွင်း ပြည်သူလူထူများသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုရန်မှာ သတိဝိရီယ နေသင့်ကြောင်း ဆွေးနွေးပွဲ၌ သတိပေးပြောကြားခဲ့သည်။

PPV0013
ပုံ-အွန်လိုင်း
#နိုင်ငံရေး
#တအာင်းတပ်မတော်
#PSLF/TNLA
#အပစ်အခတ်ရပ်စဲရေးအကြောင်းပေါ်မူတည်ပြီး #ဆက်လက်ဆွေးနွေးညှိနှုင်းမည်
#သတင်းစာရှင်းလင်းပွဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7