ခမ်းသားငေါဝ်း

မေ ၅၊ ၂၀၂၅

https://www.facebook.com/share/p/1AvHJnUJJK/

PSLF/TNLA အုပ်ချုပ်သည့် နောင်ချိုနှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် နေအိမ်(၁၆)လုံးနှင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးသူ များရှိကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မေလ (၃)ရက်နေ့ နောင်ချိုမြို့နယ်၊ ဝါးဘိုးကုန်းကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် (၁)ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင့် ဖော်ပြထားသည်။

အလားတူ မေလ(၃)ရက်နေ့၌ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ဒေသခံ(၁)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် (၁၆)လုံး ပျက်စီးခဲ့ရကြောင်းဆိုသည်။

ထို့ပြင် မိုးကုတ်မြို့အနောက်ပိုင်း၊ ဆင်ခွာကျေးရွာကိုလည်း ပေါင်(၂၅ဝ)ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ဘုန်းကြီးကျောင်း(၂) ကျောင်းနှင့် ဓမ္မာရုံတို့ကို ထိမှန်ပျက်စီးသွားကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

PPV0013
ပုံ- အွန်လိုင်း
#လူ့အခွင့်အရေး
#PSLF/TNLA
#နောင်ချို
#မိုးကုတ်မြို့နယ်
#လေကြောင်းဖြင့်ထပ်မံဗုံးကြဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7