ခမ်းသားငေါဝ်း
မေလ ၆၊ ၂၀၂၅

https://www.facebook.com/share/p/183ZAe5eAt/

တောင်ကြီးမြိုပေါ်တွင် နယ်ထိန်းရဲတစ်ဦးကို PNO ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ အိုရှင်းစင်တာရှေ့ ကားတက်စီဂိတ်အနီးတွင် မေလ ၁ ရက်နေ့ နေ့ခင်း ၁၁ ကျော်အချိန်က ကံသာရပ်ကွက်နယ်ထိန်းရဲကို PNO ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးကသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ကံသာနယ်ထိန်းရဲနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် တစ်ယောက် စကားများပြီး နယ်ထိန်းရဲက ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးရဲ့ကားသော့သွားဖြုတ်လိုက်တာ၊ ပြည်သူ့စစ်က သေနတ်နှစ်ချက်ပစ်လိုက်တာ ရင်ဘတ်တချက်မှန်သွားတယ်၊ တချက်ကလွဲသွားတယ်”ဟု မျက်မြင်ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

နယ်ထိန်းရဲကိုပစ်ခတ်လိုက်သည့်ပြည်သူ့စစ်သည် အရပ်ဝတ်နှင့် လူလတ်ပိုင်းအရွယ်ဖြစ်ကြောင်းဒေသခံပြောပြချက်အရသိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ကလမ်းခဏပိတ်ပြီး ပြည်သူ့စစ်ကိုင်ထားသည့်သေနတ်ကို လုယူထိုးကြိတ်ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သူကဆိုသည်။

ဒဏ်ရာရ နယ်ထိန်းရဲကို အောင်ပန်းရှိ စစ်တပ်၏ ကုတင် ၇၀၀ စစ်ဆေးရုံသို့ပို့ဆောင်ဆေးကုသနေကြောင်းသိရသည်။

#ppv002
#ပဋိပက္ခ
#ပြည်သူ့စစ်
#PNO
#နယ်ထိန်းရဲ
#ကံသာ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။