ခမ်းသားငေါဝ်း

မေ ၆၊ ၂၀၂၅

https://m.facebook.com/story.php?story_fbid=1110891197740726&id=100064595686020&mibextid=Nif5oz

စံကားဒေသ ထီခိုးကျေးရွာတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးပါ ကြဲချတိုက်ခိုက်နေကြောင်း မေလ(၆)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ထီခိုးကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲနေရာယူထားသဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လေကြောင့်နှင့်လည်း ပစ်ကူတိုက်ခိုက်နေကြောင်း သိရသည်။

“ဒီတစ်ရက်နှစ်ရက်အတွင်းမှာပဲ ဗမာစစ်သားနဲ့ PNO စစ်သားတွေက ထီခိုးရွာဘက် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာ မနေ့ကဆို လေယာဥ်နဲ့ပါ ဗုံးလာကြဲသွားတာ တိုက်ပွဲလည်းတော်တော်ပြင်းတယ်မနေ့က”ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်ဖက်က လေယာဥ်နှင့် ပေါင်(၅၀၀)ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှုရှိပြီး လူထိခိုက်မှုတော့မရှိခဲ့ကြောင်းပြောသော်လည်း ခမ်းသားငေါဝ်းအနေဖြင့် သီးခြားအတည်မပြုပေးနိုင်သေးပါ။

နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက “အခုရက်ပိုင်း ထီခိုးရွာဘက်မှာရော လွယ်လုံဘက်မှာရော တိုက်ပွဲတွေပြန်ဖြစ်နေပြီ မနေ့ညကတော့ လွယ်လုံဖက် တော်လှန်ရေးတပ်စခန်းတစ်ခု ပြန်သိမ်းရပြီ” ဟုခမ်းသားငေါဝ်းကိုပြောသည်။

မေလပထမပတ်အတွင်းတွင် စံကားဒေသ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးတင်မာမှုများပြန်လည်စတင်လာသဖြင့် ဒေသခံများသည်လည်း တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ပုံ-အွန်လိုင်း
#PPV007
#စစ်ရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#ထီခိုးကျေးရွာ
#တော်လှန်ရေးတပ်ဖွဲ့များ
#ထိုးစစ်ဆင်တိုက်ခိုက်နေပ
#လေကြောင့်နှင့်လည်းပစ်ကူတိုက်ခိုက်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7