ခမ်းသားငေါဝ်း

မေ ၆၊ ၂၀၂၅

https://m.facebook.com/story.php?story_fbid=1110993754397137&id=100064595686020&mibextid=Nif5oz

ကယန်းပြည်သစ်ပါတီ (KNLP) က၎င်း တို့ဒေသတွင်၌ ပြည်သူလူထု၏ အကျိုးစီးပွါး အပေါ် ခြိမ်းခြောက်အန္တရယ်ပြုမူပါက ထိရောက်စွာ ဟန့်တားကာကွယ် မည်ဟု မေလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ယခုလက်ရှိ တိုင်းပြည်၏ နိုင်ငံရေး အခြေအနေ သည် ၂၀၂၀ ရွေးကောက်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် ကယန်းဒေသ တွင် သေကြေပျက်စီးမှုများနှင့် လူမှုဘဝဆိုး အမျိုးမျိုးနှင့်ကြုံတွေ့နေရကြောင်း ဖော်ပြထားပါသည်။

၎င်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ၊ လူ့အခွင့် အရေးကို အခုမှစတင်လေ့လာနေသူများ၊ Proposal ပြပြီး ရှာစား နေသူ တချို့သည် တရားဝင်မှုမရှိသော အဖွဲ့အစည်းတစ်ခု ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခု ပုံစံဖြင့် မသိနားမလည်သည့် လူငယ်တချို့ကို လှုံ့ဆော်ပြီး ကျေးရွာပြည်သူလူထု အပေါ် ဗိုလ်ကျရမ်းကားနေခြင်းသည် ကယန်းဒေသ တည်ငြိမ်ရေးကို ခြိမ်းခြောက် အန္တရာယ်ပြုနေ သည့် အခြေအနေဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိ ကယန်းဒေသ ကိုရည်ရွယ်ပြီး မတည်အငြိမ်ဖြစ်အောင် လှုံ့ဆော် ဖန်းတီးခြင်း၊ ကယန်းပြည်သူ၏ အကျိုးစီးပွါးကိုခြိမ်းခြောက် ခြင်း ပြုမူပါကထိရောက်စွာ ဟန့်တား ကာကွယ် သွားမည်ဟု အတိအလင်း ထုတ်ပြန်ထားသည်။

ကယန်းပြည်သစ် ပါတီ(KNLP) သည် မြန်မာ့နိုင်ငံ၏ အဓိက အရင်းခံနိုင်ငံရေးပြသာနာ အကြပ်အတည်းမဖြေရှင်းနိုင်သည့် အကျိုးဆက်ကြောင့် ကယန်းပြည်ဒေသ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်နိုင်ရန် UN နှင့် ကမ္ဘာနိုင်ငံကြီးတို့မှ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းနိုင်ရန် လမ်းညွန်းမှု တောင်းဆို ချက်အရ ယင်းတို့ပါတီမှ တက်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

PPV0013
ပုံ-ကယန်းပြည်သစ်ပါတီ (KNLP)
#ကယန်းပြည်သစ်ပါတီ
#KNLP
#ပြည်သူလူထု၏အကျိုးစီးပွါး
#ခြိမ်းခြောက်အန္တရယ်ပြု
#ထိရောက်စွာဟန့်တားကာကွယ်မည်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7