ခမ်းသားငေါဝ်း

မေ ၄၊ ၂၀၂၅

https://www.facebook.com/share/p/1AjWeFMCx1/

နောင်ဟူးဖူဆယ်ကွင်းဘေးတွင် အမည်မသိအမျိုးသားတစ်ဦး အရက်အမူးလွန်ပြီး သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နှင့် လွိုင်လင်မြို့ကြားရှိ နောင်ဟူး ဖူဆယ်ကွင်းဘေးတွင် မေလ ၄ ရက်နေ့ ၉ နာရီဝန်းကျင်တွင် အရက်မူးလွန်ပြီး သေဆုံးနေသည့် အမျိုးသားတစ်ဦးရုပ်အလောင်းကို ဒေသခံများက တွေ့ရှိခဲ့သည်။

“ဘယ်သူလဲဆိုတာ မသိရသေးဘူး။သူကအသက် ၃၀ ကျော်လို့ထင်တယ်။ဒီမနက် ၉ နာရီကျော်မှ သိရတာ”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသူရုပ်အလောင်းကို တာဝန်ရှိသူများကသယ်ဆောင်ပြီး ပင်လုံဆေးရုံရင်ခွဲရုံတွင် ပို့ထားကြောင်းသိရသည်။

သေဆုံးသူသည် မည်သူမည်ဝါမသိရသေးဘဲ သိရှိရင်ပါက မိသားစုဆွေးမျိုးများကို အကြောင်းကြားပေးပါရန်လည်း ၄င်းကပြောထားပါသည်။

#PPV005
ပုံ-အွန်လိုင်း
#မှုခင်း
#နောင်ဟူးဖူဆယ်ကွင်းဘေး
#အမည်မသိအမျိုးသားတစ်ဦး
#အရက်အမူးလွန်ပြီးသေဆုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7